အာဂျင်တီးနားဂန္ဓဝင်ဘောလုံးသမားမာရာဒိုနာကွယ်လွန်

အာဂျင်တီးနားဂန္ဓဝင်ဘောလုံးသမားဒီရေဂိုမာရာဒိုနာဟာမွေးရပ်မြေအာကျင်တီးနားနိုင်ငံမှာ ဦးခေါင်းခွဲစိတ်မှုပြုလုပ်အပြီးဆင်းရုံမှဆင်းပြီး၃ရက်အကြာမှာရုတ်တရတ်နေမကောင်းပြန်ဖြစ်လို့ဆေးရုံ သို့ပြန်လည်သွားရောက်စဉ် သေဆုံးသွားကြောင်းThe sun သတင်းမှာဖေါ်ပြထားပါတယ်။

ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရမာရာဒိုနာဟာ ရုတ်တရက်နှလုံး တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကွယ်လွန်ချိန်မှာအသက်၆၀အရွယ်၇ှိပြီဖြစ်ပါတယ်။

ဘုရားပေးသောလက်လို့ လူသိများတဲ့ အင်္ဂလန်အသင်းကို လက်နဲ့ပုတ်သွင်းခဲ့တဲ့ဂိုးကြောင့် ပိုမိုနာမည်ကြီးလာတဲ့မာရာဒိုနာဟာ ရာစုနှစ်အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး။အာကျင်တီးနားအသင်းကို ကမ္ဘာဖလားရယူပေးခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ကစားသမားသက်တမ်းတလျှောက်ကလပ်အသင်း၇ခုမှာ ကစားခဲ့တဲ့မာရာဒိုနာဟာ အီတလီကလပ်နာပိုလီအသင်းရဲ့ကန္ဓဝင်ကစားသမားဖြစ်ခဲ့သလို စပိနတ်ကလပ်ဘာစီလိုနာမှာလည်းကစားခဲ့သူပါ။သူ့ရဲ့နေထိုင်မှုပုံစံကြောင့် အငြင်းပွားမှုတွေရှိခဲ့ပေမယ့်။မာရာဒိုနာဟာ ရာစုနှစ်အကောင်းဆုံးဘောလုံးသမားဖြစ်တယ်ဆိုတာကိုလူအများကလက်ခံကြပါတယ်။

Related Topic:

Leave a Comment

Your email address will not be published.