နော်ဝေသွားမယ့်လူစားရင်းမှာကျန်ရစ်သောလည်း လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ဆာကာပြန်ကစားနိုင်မည်ဟု အာဆင်နယ်အသင်းဆေးအဖွဲ့မျှော်လင့်

ယခင်အပါတ်တနင်္ဂနွေနေ့က လိဒ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်တောင်ပံကစားသမားဆာကာဟာ လိဒ်အသင်းမှ ကစားသမားအယ်လီဆိုကီနဲ့ထိခိုက်မိပြီးပွဲချိန်ဒုတိယပိုင်းမှာ အသင်းဖေါ်မီလန်နိုင်းနဲ့လူစားလဲခဲ့ရပါတယ်။ဆာကာဟာ ဒဏ်ရာရရှိချိန်မှာ အသင်းမှာပြန်ကစားဖို့ကျိုးစားခဲ့သော်လည်း ရရှိခဲ့တဲ့ဒူးဒဏ်ရာဟာအနည်းငယ်ပြင်းထန်လို့လူစားလဲခဲ့ရပါတယ်။

ဆာကာဟာ လာမယ့်ကြာသာပတေးနေယှဉ်ပြိုင်မယ့်အာဆင်နယ်အသင်းနဲ့နောဝေကလပ်အသင်းမိုလ်ဒီတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကိုတော့သေချာပေါက်လွဲချော်မှာဖြစ်ပြီးမနက်ဖြန်မှာနော်ဝေနိုင်ငံကိုထွက်ခွာမယ့်အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ ဆာကာမပါဝင်လာဘူးလို့သိရပါတယ်။

တောင်ပံကစားသမားတွေ အားနည်းနေတဲ့ အာဆင်နယ်အသင်းဟာ ဆာကာရဲ့ဒူးဒဏ်ရာကိာကာလရှည်အနားယူရတာမျိုးမဖြစ်ဖို့မျှော်လင့်နေကြပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာဆာကာကို အသင်းလူစားရင်းမှာ ပြန်လည်ထည့်သွင်းဖို့ထိ အကောင်းမြင်နေကြောင်းသိရပါတယ်။

အာဆင်နယ်အသင်းဟာ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ပေပေကိုအနီကဒ်ပြစ်ဒဏ်ကြောင့် အသင်းကနေ၃ပွဲ လက်လွတ်ရမှာဖြစ်သလို ဘရာဇီးတောင်ပံကစားသမားဝီလီယံကလည်း အဆိုပါလိဒ်အသင်းနှင့်ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့် အသင်းလူစားရင်းမှာ ပါဝင်ဖို့မသေချာဘူးလို့သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ဆေးအဖွဲ့ကတော့ဆာကာဟာ မ်ုလ်ဒီနဲ့ယူရိုပါလိဂ်ပွဲစဉ်ကိုလွဲခဲ့ပေမယ့်လာမယ့်တပါတ်မှာ ဝုဒ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့အသင်းရဲ့လူစာရင်းမှာပြန်လည်တွေ့မြင်ရနိုင်တယ်လို့ပြောကြားလိုက်တာကြောင့်

ဒဏ်ရာအကင်းမသေဘဲလူစားရင်းကိုပြန်လည်ဝင်ရောက်လာရင်ကစားသမားရဲ့ရေရှည် အနာဂါတ်ကိုထိခိုက်နိုင်တာကြောင့် အသင်းပရိတ်သတ်တွေက လည်းစိတ်ပူပြီးလူမှုကွန်ယက်တွေမှာဝေဖန်မှုအချို့ရှိနေပါတယ်။

Leave a Comment

Your email address will not be published.