မာရှယ်ဟာ ဗဟိုတိုက်စစ်မှာကစားဖို့မသင့်တော်ဘူးဟုပေါစခိုလ်းဝေဖန်

မန်ယူအသင်းရဲ့ဂန္ဓဝင်ကွင်းလယ်ကစားသမားပေါစခိုလ်းဟာ အသင်းရဲ့ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးမာရှယ်ဟာအသင်းရဲ့ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားတာ အဆင်မပြေကြောင်း BT Sportရဲ့ဘောလုံးဝေဖန်ရေးအစီအစဉ်မှာ ပြောသွားခဲ့တာပါ။

မန်ယူအသင်းဟာ အိမ်ကွင်း အိုးထရက်ဖိုစ်မှာ တူရကီကလပ်အသင်းအီစတန်ဘူးဘာရှက်ဆီဟီအသင်းကို လေးဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တောင်ပံနေရာမှာပြောင်းရွေ့ကစားပြီးအသင်းကို အကျိုးပြုနိုင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးမာရှယ်ကို နောက်ပွဲတွေမှာလည်း တောင်ပံတိုက်စစ်နေရာမှာ အသုံးပြုဖို့နည်းပြဆိုးရှားကို အကြံံပြုလိုက်တာပါ။

ပေါစခိုလ်းက အန်တိုနီဟာ ဂိုးရဖို့ကံတရားအနည်းငယ်လိုနေတာတော့တွေ့နေရပါတယ်။အားလုံးလည်းအမြင်ပါဘဲ။ဒါအပြင်သူ့ရဲ့ကစားဟန်နဲံဗဟိုတိုက်စစ်နေရာမှာ ကစားတဲ့အခါ အခက်အခဲဖြစ်နေတာလည်းတွေ့မြင်ရပါတယ်။ဒီနေ့ပွဲစဉ်မှာ တောင်ပံတိုက်စစ်မှူးအဖြစ်ပြောင်းလဲကစားခဲ့တဲ့အချိန်မှာတော့သူ့ရဲဘောလုံးစွမ်းရည် တွေဟာပြောင်းလဲလာတာလက်တွေ့ပါ။

မာရှယ်ဟာအဓိကတိုက်စစ်မှူးနေရာမှာ ကစားရင်လှုပ်ရှားခွင့်နည်းပြီး ကျော်ဖြတ်မှုတွေပြုလုပ်ဖို့မလွယ်ဘဲနေရာကျယ်ကျယ်ရတဲ့တောင်ပံတိုက်စစ်နေရာမှာတော့သူ့ရဲ့မျက်လှည့်အစွမ်းတွေက ထင်ပေါ်လာပါပြီ။မာရှယ်ကိုကြည့်လိုက်ပါ သူ့ကိုတစ်ဦးချင်းထိမ်းနိုင်တဲ့ ကစားသမား အတော်ကိုရှားပါတယ်။သူဟာလှုပ်၇ှားခွင့်သာရသွားရင်အခြားသူတစ်ယောက်လိုဖြစ်သွားတာပါဘဲ.

ဒီနေ့ပွဲစဉ်မှာ ဘဲကြည့်ပါ မာရှယ်လှုပ်ရှားခွင့်ရတဲ့အချိန်တိုင်း ပြိုင်ဘက်ကစားသမားသုံး၊လေးယောက်ကို အပါခေါ်သွားနိုင်တာထင်ရှားပါတယ်။ဒါကြောင့် အိုလေးအနေနဲ့ မာရှယ်ကို အခွင့်အရေးများများရမယ့် နေရာချထာမှုမျိုးနဲ့ ပြုပြင်လိုက်မယ်ဆိုရင် မာရှယ်ကို ခြားနားတဲ့ကစားသမားတစ်ဦးအဖြစ် တွေ့မြင်ရမှာပါလို့ ဆိုသွားပါတယ်။

Leave a Comment

Your email address will not be published.