အဲရစ်ဆင်ကိုပြောင်းရွှေ့ကြေးပေါင်၁၂သန်းဖြင့်အာဆင်နယ်ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းမှ ဒီန်းမက်ကွင်းလယ်ကစားသမားအဲရစ်ဆင်ကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူနိုင်ဖို့ပြောင်းရွေ့ကြေးပေါင်၁၂သန်းနဲ့ကမ်းလှမ်းလိုက်ကြောင်းESPMသတင်းမှာဖေါ်ပြလိုက်ပါတယ်။

အဲရစ်ဆင်အတွက် အင်တာမီလန်အသင်းဟာပြောင်းရွေ့ကြေးပေါင်၁၇သန်းမှ မရရင်ရောင်းချဖို့မရှိဘူးလို့ဆိုတာကြောင့် အာဆင်နယ်ရဲ့ကမ်းလှမ်းမှုဟာအင်တာမီလန်အလိုရှိနေတဲ့ဈေးနဲ့ပေါင်၅သန်းခန့်ကွာဟနေပါတယ်။ဒါပေမယ့်အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို အာဆင်နယ်ကို အပြတ်ရောင်းချခြင်းထက်ကစားသမားအလဲအထပ်ပြုလုပ်ဖို့ပိုမိုအလိုရှိနေကြောင်းသိရပါတယ်။

အင်တာမီလန်အသင်းဟာကစားသမာအလဲအထပ်အတွက်အာဆင်နယ်ကစားသမားချာကာကိုအလိုရှိနေပြီးအဆိုပါအလဲအထပ်ကိုတော့အာဆင်နယ်အသင်းက မပြုလုပ်လိုဘဲအဲရစ်ဆင်ကိုအသင်းမှာ အပြတ်သာဝယ်ယူလိုပြီးလူငယ်ကစားသမားတွေနဲ့အဆင်မပြေတဲ့ ဆီဘာယော့ကို အငှားစာချုပ်သက်တမ်းတိုးဖို့မရှိတော့ဘူးလို့သိရပါတယ်။အာဆင်နယ်အသင်းဟာပြောင်းရွေ့ကြေးညှိနှိုင်းမရရင် သောမက်ပါတေးကိုအပြောင်းအရွှေ့နောက်ဆုံးအချိန်မှာဝယ်ယူခဲ့သလိုမျိုး ရုတ်တရက် ဝယ်ယူမှုမျိုးလည်းပြုလုပ်နိုင်တယ်လို့သိရပါတယ်။

အဆိုပါအပြောင်းအရွေ့ဖြစ်မြောက်ခဲ့ပါက အဲရစ်ဆင်ဟာ နောင်တော်ကစားစမားတွေဖြစ်တဲ့ဆိုလ်းကမ်းဘ၊ဝီလီဝံဂါးလက်၊အဓီဘာယောတို့လို အာဆင်နယ်အသင်းနဲ့စပါးအသင်းနှစ်သင်းလုံးမှာ ကစားဘူးတဲ့ကစားသမားဖြစ်လာတော့မှာပါ.အသက်၂၈နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ စပါးအသင်းမှာခြောက်နှစ်ခွဲကြာ ခြေစွမ်းပြကစားခြ့ပြီး၃၀၅ပွဲပွဲထွက်ကစားကာ၆၉ဂိုးသွင်းယူနိုင်ခဲ့ပြီး၈၉ဂိုးဖန်တီးပေးခဲ့သူပါ.သူဟာအင်တာမီလန်အသင်းကိုပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ ခြေစါမ်းပျောက်ဆုံးနေခဲ့ပြီးအင်တာမီလန်အသင်းကလည်းရောင်းချတော့မယ်လို့ကြေညာထားခြင်းခံရသူပါ။

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာစီရီးအေပွဲစဉ်၁၁ပွဲသာပွဲထွက်ကစားခွင့်ရသည်အထိအခြေနေဆိုးရွားနေခဲ့ပြီး အောင်မြေဖြစ်ခဲ့တဲ့အင်္ဂလန်ကိုပြန်လည်ပြောင်းရွှေ့ချင်နေတာပါ။အဲရစ်ဆင်ရဲ့အခြေအနေကို အံဗာတန်နည်းပြ အန်ဆလော့တီကလည်းစောင့်ကြည့်နေပြီးအာဆင်နယ်အနေနဲ့ အခုလိုကမ်းလှမ်းမှုမျိုးမြန်မြန်ပြုလုပ်ခြင်းဖြင့်ပြိုင်ဘက်ထက်လက်ဦးမှုရယူချင်နေတာကိုပေါ်လွင်စေသလိုအိုဇေးနောက်ပိုင်း အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကို အဲရစ်ဆင်ဟာ အကောင်းဆုံးထိမ်းကြောင်းနိုင်လိမ့်မယ်လို့အာဆင်နယ်ဂန္ဓဝင်ကစားသမားတွေကလည်းယုံကြည်နေကြပါတယ်။

Leave a Comment

Your email address will not be published.