နောက်ဘီးကျွတ်ထွက်ပြီးလမ်းဘေးတန်းတွေကိုဝင်တိုက်ခဲ့တဲ့ဂျိုးဝေးလော့

အာဆင်နယ်အသင်းရဲ့လူငယ်ကွင်းလဝ်ကစားသမား ဂျိုးဝေးလော့ ဟာ လမ်းကွေ့တစ်ခုမှာ ကားကိုအရှိန်ပြင်းထန်စွာမောင်းနှင်နေစဉ် ရုတ်တရတ်ထိမ်းမရဖြစ်ကာ လမ်းဘေးထိုးကျပြီး ကားလည်းနောက်ဘီးကျွတ်ထွက်ကာ လမ်းဘေးဘယ်ရီယာတန်းများကိုဝင်တိုက်ပြီး ကားရပ်တန့်သွားခဲ့တယ်လို့Daily Mailသတင်းမှာဖေါ်ပြထားပါတယ်။

အဆိုပါကစားသမားလေးဟာ အာဆင်နယ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်စဉ်မှာ အခုလိုယာဉ်မတော်တဆမှုနဲ့ကြုံတွေ့ခဲ့တာဖြစ်ပြီးလူထိခိုက်မှုတော့မရှိခဲ့ကြောင်းမျက်မြင်သက်သေတွေကဆိုပါတယ်။

အဆိုပါယာဉ်မတော်တဆဖြစ်မှုကို အခြားတစ်သီးပေါ်မှ ယာဉ်မောင်းတစ်ဦးက ကားblack box ကင်မရာမှရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်မှလွှင့်တင်ရာမှ ယခုလိုဟိုးလေးတကြော်ဖြစ်လာတာပါ။အဆိုပါမျက်မြင်သက်သေယာဉ်မောင်းဟာယာဉ်မတော်တဆဖြစ်ခဲ့တဲ့လူဟာအာဆင်နယ်ကစားသမားဝီလော့မှန်းမသိခဲ့ဘဲနောက်ပိုင်းမှသိခဲ့တယ်လို့ဆိုပါတယ်။

ဝီးလော့ဟာယာဉ်မတော်တဆဖြစ်ချိန်မှာနောက်ဘီးကျွတ်ထွက်နေတာကိုမသိခဲ့ဘူးလို့လည်း၎င်းကဆိုပါတယ်။ဒါပေမယ့်ကစားသမားလေးဟာ ထိခိုင်ဒဏ်ရာရထားတာလုံးဝမရှိဘဲသူပိုင်ဆိုင်တဲ့Mercedes G-Wagonကားကတော့ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့ပါတယ်။

ဝီးလော့ဟာအခင်းဖြစ်ပွားချိန်မှာ ရဲကိုခေါ်မလားလို့မေးမြန်းချိန်မှာတော့သူ့ရဲ့အစ်ကို ကိုအကြောင်းကြားထားပြီးဖြစ်ကြောင်ပြန်လည်ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။

Leave a Comment

Your email address will not be published.