ပေါဘာရဲ့နောက်ဆုံးဒဏ်ရာအခြေနေကို ထုတ်ဖေါ်လာတဲ့မန်ယူအသင်းဆေးအဖွဲ့

မန်ယူအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါပေါ့ဘာဟာပြင်သစ်အသင်းနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲသွားရောက်ကစားပြီးဒူးဒဏ်ရာဟောင်းပြန်လည်ရရှိခဲ့တာကြောင့် မန်ယူအသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

ဒါ့အပြင်ပေါ့ဘာဟာ လာမယ့်တနင်္ဂနွေနေ့မှာယှဉ်ပြိုင်မယ့်ဆောက်သင်ပတန်အသင်းနဲ့အဝေးကွင်းပွဲစဉ်ကိုလည်းဆက်လက်လွဲချော်နိုင်တယ်လို့မန်ယူဆေးအဖွဲ့ ကပြောကြားပါတယ်။ပေါ့ဘာဟာ သူ့ရဲ့ဒဏ်ရာ ကနာကျင်နေဆဲဖြစ်ကြောင်း သတင်းကို သတင်းပို့ထားတယ်လို့လည်းဆိုပါတယ်။

ပေါ့ဘာဟာ ပြင်သစ်အသင်းကိုရောက်ရှိချိန်မှာ သူဟာမန်ယူအသင်းမှာ ကစားတာထက် ပြင်သစ်အသင်းမှာ ကစားရတာသူ့အတွက်ပိုပြီူပျော်ရွှင်မှုကိုရရှိကြောင်းပြောကြားမှုကြောင့် အသင်းရဲ့ပရိတ်သတ်တွေရဲ့ အမြင်မကြည်မှုခံနေရချိန်မှာအခုကဲ့သို့ဒဏ်ရာပြသနာကြောင့် အသင်းရဲ့ပွဲစဉ်တွေကိုဆက်တိုက်လွဲချော်လာတာပါ။

မန်ယူအသင်းဆေးအဖွဲ့ကတော့ ပေါ့ဘာရဲ့ဒဏ်ရာပြသနာဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာလိုမျိုးကာလရှည်အနားယူရတဲ့ဒဏ်ရာမျိုးမဖြစ်အောင် မျှော်လင့်နေသလိုလာမယ်ံရက်သတ္တပါတ်အတွင်းပြန်လာနိုင်ဖို့မျှော်လင့်နေကြောင်းသိရပါတယ်။

ပေါ့ဘာဒဏ်ရာကြောင့်အနားယူနေရချိန်မှာ ပေါ့ဘာနေရာကို အစားဝင်ရောက်ကစားခဲ့တဲ့နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိဟာ မန်ယူအသင်းကွင်းလယ်မှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးအသင်းရဲ့ဂန္ဓဝင်ကစားသများတွေကလည်းဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

Leave a Comment

Your email address will not be published.