ဂျရူးသည်ပရီးမီးယားလိဂ်တွင်အထင်သေးခံရဆုံးကစားသမားဖြစ်နေဟုဂျိုးကိုးလ်ဆို

ချဲယ်ဆီးအသင်းရဲ့လူစားဝင်ပြင်သစ်တိုက်စစ်မှူးဂျရူးဟာချဲယ်ဆီးအသင်းမှာ အထင်သေးခံရဆုံးကစားသမားဖြစ်နေတယ်လို့ ချဲယ်ဆီးလ်အသင်းကစားသမားဟောင်း ဂျိုးကိုလ်းကBT Sportရဲ့ဘောလုံးဝေဖန်ရေးအစီအစဉ်မှာပြောကြားသွားခဲ့ပါတယ်။ဂျရူးဟာ ရောက်လေရာအသင်းတိုင်းမှာထိုက်တန်တဲ့စွမ်းဆောင်ရေတွေပြသနိုင်ပေမယ့် ဂုဏ်ပြုခံရမှုတွေ မရရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

အခုဆိုရင်ဂျရူးဟာ ချဲယ်ဆီလ်းအသင်းမှာ နေရာပျောက်ဆုံးလျှက်ရှိပြီး ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲမှာလူစားဝင်ရောက်ကစားခွင့် ရရှိထားပြီးအဆိုပါလေးပွဲမှာ စုစုပေါင်း ကစားချိန်၃၆မိနစ်သာရှိပါတယ်။ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့ရန်းအသင်းနဲ့ချိန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဂျရူးဟာလူစားဝင်ရောက်ကစားခွင့်ထပ်မံရရှိခဲ့ပြီးအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကို ပွဲချိန်နောက်ဆုံးမိနစ်မှာသွင်းယူနိုင်ခဲ့ပြီးအသင်းကို ချန်ပီဝံလိဂ်ရှုံးထွက်အဆင့်ကိုပို့ဆောင်ပေးခဲ့ပါတယ်။


လမ်းပတ်က ပွဲထွက်ခွင့်ပိုမိုပေးမယ်လို့ပြောကြားထားပေမယ့် အဆိုပါစကားအပေါ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းဂျိုလ်းကိုလ်းကတော့မယုံကြည်ပါဘူး။ဂျိုးကိုလ်းက ဂျရူးဟာပရီးမီးယားလိဂ်မှာအထင်သေးခံရဆုံးကစားလိုဖြစ်နေပါတယ်။

အာဆင်နယ်မှာကောချဲယ်ဆီးမှာပါသူပြသခဲ့တဲံတည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးဟာ အထင်ကြီးစရာပါ။ဒါနဲ့ထိုက်တန်တဲ့တုန့်ပြန်မှုမျိုးတော့သူရခဲ့ပါဘူး။ဂိုးတွေသွင်းတာကိုဆိုလိုတာမဟုတ်ပါဘူးသူလိုကစားသမားမျိုးကနည်းပြတိုင်းရဲ့အိပ်မက်ဖြစ်ပြီးအဝတ်လဲခန်းထဲမှာအလွန်တန်ဖိုးရှိသူပါလို့ဝေဖန်သွားပါတယ်။

ဂျရူးဟာချဲလ်ဆီးအသင်းကို၂၀၁၈ခုနှစ်ဇန်နဝါရီကပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာချဲယ်ဆီလ်းအသင်းအတွက်၉၆ပွဲကစားဂိုး၃၀သွင်းယူထားသလိုဂိုးဖန်တီးမှု၁၄ကြိမ်ပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.