ဒန်ဘီလီကိုဇန်နဝါရီအပြောင်းအရွှေ့တွင်အငှားဖြင့် ခေါ်ယူနိုင်ရန်မန်ယူအသင်းဆက်လက်ကျိုးပန်းမည်

မန်ယူအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကျိုးပန်းခဲ့ဘူးတဲ့ ဘာစီလိုနာ တောင်ပံတိုက်စစ်မှူး အော်စမန်ဒန်ဘီလီကို အငှားစာချုပ်ဖြင့်ခေါ်ယူနိုင်ရန်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းBT Sportသတင်းမှာဖေါ်ပြလိုက်ပါတယ်။မန်ယူူအသင်းဟာငွေရေးကြေးရေးပြသနာတတ်နေတဲ့ဘာစီလိုနာအသင်းထံက အဆိုပါပြင်သစ်ကစားသမားကို ခေါ်ယူနိုင်မယ်လို့ယုံကြည်နေပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ကိုးမန်းကလည်းဇန်နဝါရီအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းမှနယ်သာလန်တောင်ပံကစားသမား ဒီပေးကိုခေါ်ယူရန်ငွေကြေးလိုအပ်လျှက်ရှိတာကြောင့်ဒန်ဘီလီဟာ ကိုးမန်းရဲ့လိုအပ်ချက်အတွက် ရောင်းကုန်ဖြစ်လာဖို့ရှိနေပြီးလိုင်ယွန်နဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ရောက်နေတဲ့ ဒီပေးကိုရောင်းချမှုဖြစ်ခဲ့ရင်မန်ယူအသင်းဟာ အဆိုပါအပြောင်းအရွှေ့ကနေ အကျိုးခံစားခွင့် လည်းရရှိဦးမှာပါ။

လတ်တလောအခြေအနေအရဘာစီလိုနာအသင်းဟာလူငယ်ကြယ်ပွင့်ဖာတီကိုဒဏ်ရာကြောင့်ကာလရှည်လတ်လွှတ်ထားရချိန်မှာ ဒန်ဘီလီကိုအသင်းကနေထွက်ခွါခွင့်ပေးဖို့ခက်နိုင်သလိုလွန်ခဲ့တဲ့၃နှစ်ကဒေါ့မွန်အသင်းကနေပေါင်၁၃၃.၅သန်းနဲ့ခေါ်ယူခဲ့တဲ့ကစားသမားဟာ စာချုပ်သက်တမ်းက၂၀၂၂မှပြည့်မှာဖြစ်တဲ့အတါက်အခြားအသင်းကိုအငှားကစားခွင့်ပေးလိုက်ရင်စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကိုရောက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့် ဘာစီလိုနာအသင်းအတွက် အငှားနဲ့ထွက်ခွါခွင့်ပေးဖို့ ခက်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ဒန်ဘီလီကို စာချုပ်သက်တမ်း တိုးရေးဆွေးနွေးလိုနေပြီးတကယ်လို့အငှားချမယ်ဆိုရင်တောင် စာချုပ်သက်တမ်းတိုးမြှင့်ပြီးမှသာ အငှားချဖွယ်ရှိနေပါတယ်။ဘာစီလိုနာအနေနဲ့ဒန်ဘီလီကိုအပြီးသတ်ရောင်းချရန်သာအလိုရှိလျှက်ရှိကာ ပြောင်းရွှေ့ကြေးပေါင်သန်း၆၀မှ၇၀ထိပေးနိုင်မယ့်အသင်းမျိုးကိုရှာဖွေလျှက်ရှိကြောင်းသိရပါတယ်။

ဘာစီလိုနာအသင်းမှာနောက်ဆုံး၃ပွဲဆက်တိုက်ပွဲထွက်ခွင့်ရထားပြီးခြေစွမ်းလည်းပြသနိုင်ခဲ့တဲ့ဒန်ဘီလီဟာ လတ်တလောဈေးကွက်မှာ ရောင်းတန်းဝင်လာနိုင်သလို ယခုဘောလုံးရာသီမှာလည်ဒဘာစီလိုနာအသင်းမှာသွင်းဂိုးငါးဂိုးရရှိထားတာကြောင့် မနယူအသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့မာရှယ်၊ဂရင်းဝုဒ်နဲ့ကာဗာနီတို့ထက်ပိုမိုသွင်းယူထားနိုင်တာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.