ဒေ့ါမွန်မှဂိုးသွင်းစက် အား လာမယ့်နွေရာသီအပြောင်းအရွေ့တွင် ခေါ်ယူဖို့ ညှိနှိုင်းမှုများပြုလုပ်

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွေ့ပစ်မှတ်များစွာကို ပရိတ်သတ်အားသိအောင် ချပြနေကျ ဆိုတာကတော့ ရာသီတိုင်း လုပ်နေကျထုံးစံတခုလိုဖြစ်နေပါပြီ…..

မန်ယူနဲ့ ဒေါ့မွန်ရဲ့ အပြောင်းအရွေ့စကားတွေကတော့ ဒီတင်ရပ်မသွားသေးပါဘူး….အခုဆို လာမယ့်အပြောင်းအရွေ့မှာ ပေါင်သန်း ၁၃၀ကျော်သုံးပြီး တိုက်စစ်မှူးတွေထပ်ခေါ်ပါအုံးမယ်လို့ မန်ယူအမှုဆောင်ချုပ် အက်ဝုဒ်ဝက်စ်က ထုတ်ပြောခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ ဒေါ့မွန်အသင်းက ဆန်ချိုအပြင် ယခု ဒေါ့မွန်ရဲ့ ဂိုးသွင်းစက်လို့ခေါ်တဲ့ ဟာလန်းကို လာမယ့်နွေရာသီအပြောင်းအရွေ့တွင်ခေါ်ယူမည်ဟု သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောသွားခဲ့ပါတယ်…

လာမယ့်အပတ်ထဲမှာ ဒေါ့မွန်အသင်းကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်းနဲ့ ဆိုးရှားလ်ကလည်း ဟာလန်းကို လိုချင်နေတဲ့ဆိုတဲ့အကြောင်းကို အက်ဝုဒ်ကပြောသွားခဲ့ပါတယ်…..

အက်ဝုဒ်ဝက်က ” ဆိုးရှားလ်ကတော့ အရမ်းပျော်မှာပါ…ဘာလို့ဆို သူက ကာဗာနီ နဲ့ ဟာလန်းနဲ့ကို တွဲကစားတာကို မြင်ချင်နေတာကြာပြီဆိုတာကို မကြာ မကြာ စကားစမြည်ပြောဖြစ်နေပါတယ်…..

နောက်ပြီး ပရိတ်သတ်တွေကလည်း မန်ယူအရင်လိုအောင်မြင်မှုတွေ ပြန်လည်သိမ်းပိုက်တာကို မြင်ချင်နေကြပြီလေ..အဲ့ဒီတော့ အကောင်းဆုံးတိုက်စစ်အတွဲတခုကို ပရိတ်သတ်တွေအတွက်ဖန်တီးပေးပါတော့မယ်လို့ အက်ဝုဒ်ဝက်က MUTV မှာပြောခဲ့ပါတယ်….

Tu Tu

Leave a Comment

Your email address will not be published.