မက်ဂွိုင်းရားနှင့်ဘရူနိုဖာနန်ဒက်စ်တို့မှာ အသင်းခေါင်းဆောင်အရည်အသွေးမရှိဘဲ မန်ယူတွင် ဦးဆောင်သူမဲ့နေသည်ဟု ရီယိုဖာဒီနန်ဝေဖန်

မန်ယူအသင်း၏ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က မန်ယူအသင်းမှာ ဦးဆောင်သူမဲ့သည့် အသင်းတစ်သင်းကဲ့သို့ ဖြစ်နေပြီး နောက်ခံလူမက်ဂွိုင်းရားနှင့်

ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်တို့မှာလည်း အသင်းခေါင်းဆောင်အရည်အသွေးရှိကြသူများမဟုတ်ဟု ဝေဖန်ခဲ့သည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ် မန်ယူ (၄-၁)ဘာရှက်ဆီဟီပွဲ မတိုင်မီ ရုပ်သံဘောလုံးဝေဖန်မှုအစီအစဉ်၌ ဖာဒီနန်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

BT Sport ရုပ်သံတွင် ဖာဒီနန်က ”အသင်းမှာ ဦးဆောင်သူဆိုတာ ကွင်းဘေးစည်းမှာရှိနေတဲ့

ဆိုးလ်ရှားဖြစ်စေ၊ မိုက်ဖီလန်ဖြစ်စေ၊ မိုက်ကယ်ကာရစ်ဖြစ်စေ ဒီလိုလူတွေကို ပြောနေတာ မဟုတ်ပါဘူး။

ကွင်းအတွင်းမှာ ဦးဆောင်မဲ့ကစားသမားကို ကျွန်တော်တို့ လိုအပ်နေတာပါ” ဟုပြောကြားခဲ့ပြီး၊

တွဲဖက်ဘောလုံးသုံးသပ်သူ ဂယ်ရီလိုင်နီကာက မန်ယူအသင်းတွင် ဦးဆောင်သူများအဖြစ် မက်ဂွိုင်းရားနှင့် ဘရူနိုဖာနန်ဒက်စ်တို့ ရှိကြကြောင်း တုံ့ပြန်ခဲ့သည်။

ထိုအခါ ဖာဒီနန်က ဂယ်ရီလိုင်နီကာ၏စကားကို ကန့်ကွက်ခဲ့ပြီး ”သူတို့မှာ ခေါင်းဆောင်အရည်အသွေးမျိုး လုံးဝမတွေ့မြင်မိပါဘူး” ဟုပြောကြားခဲ့သည်။

EL

Leave a Comment

Your email address will not be published.