နိုဝင်ဘာ(၂၇) ရက်၊ ၂၀၂၀။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ အရေးကြီးအချက်အလက်တွေကို ဟက်ကာတွေက ခိုးယူသွားပြီး တောင်းတဲ့ငွေမပေးရင် ကမ္ဘာသိအောင်ဖွင့်ချမယ်လို့ အကြပ်ခိုင်း ခြိမ်းခြောက်ခံနေရကြောင်း အင်္ဂလန်အခြေစိုက် ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဟက်ကာတွေက မန်ယူအသင်းကို ပေါင်(၁၀) သန်းကျော်ပေးဖို့ ငွေညှစ်ထားပြီး အချက်အလက်တွေက ပြင်ပကိုပေါက်ကြားသွားရင် အန္တရာယ်ရှိနိုင်တာကြောင့် ဗြိတိန်အမျိုးသားဆိုက်ဘာစင်တာထံ အကူအညီ တောင်းထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းရဲ့ သတင်းအချက်အလက် လုံခြုံရေးစနစ်ကို ဟက်တာတွေက တိုက်ခိုက်ခဲ့ပေမယ့် အသင်းရဲ့ဆိုက်ဘာလုံခြုံရေးစနစ်က အလိုအလျှောက် ပိတ်ချခဲ့တာကြောင့် အချက်အလက်တွေ မပါသွားခဲ့ဘူးလို့ ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။

မနှစ်ကလည်း အင်္ဂလန်ဘောလုံးလိဂ်ကလပ်တစ်ခုကို ဆိုက်ဘာတိုက်ခိုက်ခံရလို့ ပေါင်ငါးသန်းငွေညှစ်ခံရပြီး ပေါင်လေးသန်းပေးခဲ့ရတယ်လို့ အင်္ဂလန်ဆိုက်ဘာလုံခြုံရေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအင်္ဂလန်ဘောလုံးလောကရဲ့ အခြေခံအဆောက်အအုံနဲ့တန်ဖိုးက ပေါင်(၃၇) ဘီလီယံတန်နေတာကြောင့် ဆိုက်ဘာတိုက်ခိုက်မှု (၇၀) ရာခိုင်နှုန်းက ဘောလုံးလောကကို ပစ်မှတ်ထားနေကြပါတယ်။

Leave a Comment

Your email address will not be published.