လစာလျှော့ယူပြီးအာဆင်နယ်အသင်းမှထွက်ခွာဖို့ပြင်ဆင်လာတဲ့ ဆာလီဘာ

အာဆင်နယ်အသင်းမှလူငယ်နောက်ခံကစားသမားဆာလီဘာဟာ အသင်းမှာပွဲထွက်ကစားခွင့်မရရှိတဲ့အတွက် အခြားပွဲထွက်ကစားခွင့်ရရှိမယ့်အသင်းတစ်ခုကိုလာမယ့်ဇန်နဝါရီအပြောင်းအရွေ့ကာလမှာအငှားထွက်ကစားခွင့်ရရှိဖို့ကျိုးပန်းနေတယ်လို့Daily Mailသတင်းမှာဖေါ်ပြထားပါတယ်။

ဆာလီဘာဟာသူ့ရဲ့အေးဂျင့်မှတဆင့် ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပြီးသူပြန်လည်ကစားလိုနေတဲ့သတင်းကတော့ပြင်သစ်လိဂ်ကအသင်းဟောင်းစိန့်အက်စတီယန်အသင်းဖြစ်တယ်လို့ဆိုပါတယ်။ဆာလီဘာဟာ အငှားထွက်ကစားခွင့်ရရှိဖို့အတွက်လက်ရှိရရှိနေတဲ့တပါတ်လစာပေါင်၉၀၀၀၀ကိုလည်းလျှော့ချပေးသွားမယ်လို့သိရပါတယ်။

ဆာလီဘာကို အာဆင်နယ်အသင်းကယမန်နှစ်ဘောလုံးရာသီထဲကခေါ်ယူထားခဲ့တာဖြစ်ပြီးအသင်းဟောင်းထံမှာဘဲပြန်လည်အငှားချထားခဲ့ကာယခုနှစ်ဘောလုံးရာသီအစမှာအသင်းထံခေါ်ယူခဲ့တာဖြစ်ပါတယ်။ဆာလီဘာဟာ ဖလားပွဲတပွဲသာကစားခွင့်ရထားပြီးကျန်တာလူငယ်အသင်းပွဲစဉ်တွေမှာသာကစားခွင့်ရနေတာကြောင့် အခုလိုအငှားထွက်ကစားခွင့်ရရှိအောင်ကျိုးပန်းလာတာပါ။

ဥရောပရဲ့အတောက်ပဆုံးလူငယ်ကစားတွေထဲမှာပါဝင်နေတဲ့ဆာလီဘာကို အာဆင်နယ်အသင်းအနေနဲ့လက်လွှတ်ရန်မရှိဘဲ ကစားခွင့်သေချာတဲ့အသင်းမျိုးကိုအငှားချထားဖို့ရှိနေပေမယ့် အသင်းဟောင်းထံမှာအငှားချရန်ထက်အင်္ဂလိပ်ကစားဟန်နဲ့ရင်းနှီးသွားစေရန် လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်း သင်းသို့သာအငှားချသွားလိမ့်မယ်လို့အဆိုပါသတင်းမှာသုံးသပ်ထားပါတယ်။

Leave a Comment

Your email address will not be published.