လူငယ်နောက်ခံကစားသမားတစ်ဦးကိုခေါ်ယူလိုက်တဲ့မန်ယူအသင်း

မန်ယူအသင်းဟာ အသင်းရဲ့လူငယ်အကယ်ဒမီအတွက် အလားအလာရှိတဲ့ အင်္ဂလန်လူငယ်နောက်ခံကစားသမားတစ်ဦးကိုစာချုပ်ချုပ်ခေါ်ယူလိုက်ကြောင်းမန်ချက်စတာညနေခင်းသတင်းမှာဖေါ်ပြထားပါတယ်။

ဂျက်ကင်းဒမ်းလို့အမည်ရတဲ့ အသက်၁၅နှစ်အရွယ်လူငယ်ဗဟိုနောက်ခံကစားသမားလေးကို မောကမ်ဘီအသင်းကနေခေါ်ယူလိုက်တာပါ။အဆိုပါကစားသမားလေးကိုအသင်းအကယ်ဒမီရဲယူ၁၆နဲ့၂၃အသင်းတွေမှာစတင်ကစားခိုင်းမယ်လိုံသိရပါတယ်။

မန်ယူအသင်းဟာလူငယ်ကစားသမားတွေရှာဖွေဝယ်ယူမှုမျးဆက်တိုက်ပြုလုပ်နေုပီးကင်းဒမ်အပါအဝင်ကစားသမား၈ဦးခန့်ကိုခေါ်ယူထားတာဖြစ်ပါတယ်။အဆိုပါကစားသမားအားလုံးဟာသက်ဆိုင်ရာဘောလုံးအကယ်ဒီတွေနဲအချို့ကတော့ အသင်းကြီးတွေမှာတောင်စတင်ကစားနေတဲ့ ကစားသမားတွေဖြစ်ပါတယ်။မန်ယူရဲ့အပြောင်းအရွှေ့ပေါ်လစီဟာ လူငယ်မွေးမြူရေးဘက်ကိုဦးတည်နေတာနှစ်ရာသီခန့်ရှိလာနေပြီလည်းဖြစ်ပါတယ်။

အခုအပြောင်းအရွေ့ကိုကစားသမာလေးရဲ့လူမှုကွန်ယက်မှာတင်ထားပြီး မန်ယူလိုအမိုင်းကြောင်းကြီးမားတဲ့အသင်းရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်ခွင့်ရတာသူ့အနေနဲ့ဂုဏ်ယူကြောင်းကင်းဒမ်းကရေးသားထားတာပါ။

Leave a Comment

Your email address will not be published.