ကျွန်တော်ဟာထာဝရမန်ယူပရိတ်သတ်ပါဆိုပြီးအသင်းဟောင်းနဲ့သံယောဇဉ်မပြတ်သေးကြောင်းပြောလာတဲ့အိမ်ဂျယ်ဂိုးမက်

မန်ယူအသင်းရဲ့လူငယ်အကယ်ဒမီကနေထွက်ပေါ်လာခဲ့ပြီးအင်္ဂလန်ရဲ့အထွန်းတောက်ဆုံးကြယ်တစ်ပွင့်ဖြစ်လာမယ်လို့သတ်မှတ်ခံထားရပေမယ့်ဂိုးမက်ဟာမန်ယူအသင်းကြီးမှာပွဲထွက်ခွင့်နည်းပါးတာကြောင့် အသင်းနဲ့စာချုပ်သက်တမ်းတိုးချုပ်ဆိုခြင်းမရှိဘဲ ပြင်သစ်ကလပ်အသင်းတစ်ခုဖြစ်တဲ့လိုင်လီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခဲ့သူပါ။

ဂိုးမက်ကိုလိုင်လီအသင်းက စာချုပ်ချုပ်ခေါ်ယူပြီးပြီးချင်းမှာဘဲပေါ်တူဂီကလပ် ဘိုအာဗစ္စတာအသင်းထံဘောလုံးတစ်ရာသီအငှားပြန်ချခဲ့တာကြောင့် ဂိုးမက်ရဲ့မန်ယူပြင်ပပထမဆုံးရာသီဟာ ပေါ်တူဂီမှာစတင်ခဲ့ရတာပါ။ဂိုးမက်ဟာအသင်းသစ်မှာရောက်ရောက်ခြင်းဘဲခြေစွမ်းပြကစားနိုင်ခြဲ့ပီးပေါ်တူဂီလိဂ်ပွဲစဉ်ငါးပွဲမှာသုံးဂိုးသွင်းယူထားပြီးငါးဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ထိုအထဲမှသွင်းဂိုးတစ်ဂိုးဟာကွင်းလယ်တဝက်မှနေပြီး ကန်သွင်းခဲ့တဲ့သွင်းဂိုးတစ်ဂိုးလည်းပါဝင်ကြောင်းသိရပါတယ်။အခုဆိုရင်ဂိုးမက်ရဲ့ခြေစွမ်းတွေကြောင့် လိုင်လီအသင်းဟာ အငှားစာချုပ်ကိုဖျက်သိမ်းပြီးရာသီတဝက်မှာပြင်သစ်ကိုပြန်ခေါ်နိုင်ဖိုံစီစဉ်နေကြောင်း လည်းသိရပါတယ်။

ဂိုးမက်နဲ့ အင်ဒီပန်းနန့်သတင်းစာတို့ရဲ့အင်တာဗျူးမှာတော့ ဂိုးမက်ဟာ မန်ယူအသင်းဖေါ်တွေနဲ့ပုံမှန်အဆက်အသွယ်ရှိနေကြောင်းသိရပြီးအခုလိုသူပေါ်တူဂီမှအြခြေကျပြီးခြေစွမ်းပြနိုင်အောင်ကူညီနေတာမန်ယူအသင်းဖေါ်ဘရူနိုဖာနန်ဒက်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ကျွန်တော်ပေါ်တူဂီကိုပြောင်းတော့မယ်လို့သိသိခြင်းဖာနန်ဒက်အားလုံးစီစဉ်ပေးခဲ့တာပါနေစရာအိမ်၊စီးစရာကားနောက်ဆုံးဗျာစားသောက်ဆိုင်အထိပါဘဲပေါ်တူဂီလိဂ်ရဲ့အကြောင်းအကုန်လုံးဒီမှာအခြေကျတဲ့အထိသူ ကူညီပေးခဲ့တာပါ။

မန်ယူအသင်းနဲ့ပါတ်သတ်ပြီးပြောရရင်ကျွန်တော်အိမ်မက်ထဲကအသင်းပါကျွန်တော်ဟာထာဝရမန်ယူပရီတ်သတ်ပါ။ဒါပေမယ့်ကျွန်တော်ပွဲထွက်ကစားခွင့်အတွက အသင်းပြောင်းခဲ့ရတာပါ။အဲ့ဒိအချိန်တုန်းကလိုင်လီအသင်းထံကနေကျွန်တော့်အတွက်အလွန်ကောင်းမွန်တဲ့ကမ်းလှမ်းမှုရခဲ့တာပါ။မန်ချက်စတာကကျွန်တော့်မိသားစုတွေမိတ်ဆွေတွေကို ထာခဲ့ပြီးနိုင်ငံခြားထွက်သွားဖို့ဆိုတာကျွန်တော့်အတွက်အရမ်းခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။

ကျွန်တော်ပွဲထွက်ကစားခွင့်လိုချင်နေပါပြီ။လွန်ခဲ့တဲ့တနှစ်ကဆိုကျွန်တော်အတွက်အခုလိုနေရာမျိုးမှာကစားခွင့်ဆိုတာမျှော်လင့်ချက်မရှိသေးပါဘူး။အခုကျွန်တော်ကစားခွင့်ရနေပါပြီ။ဒီအခွင့်အရေးကိုအရမ်းပျော်ရွှင်ပါတယ်လို့ဖြေကြားခဲ့ပြီးအသင်းဟောင်းနဲ့သံရောဇဉ်မပြတ်သေးကြောင်းပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.