ဆောက်သမ်တန်နဲ့ပွဲက မန်ယူအတွက် ဂိုးပြတ်အနိုင်ရမယ့်ပွဲလို့ပြောလာတဲ့ ဂရင်းဝုဒ်

မန်ချက်စတာယူနိက်တက်ဟာ လာမယ့် ၂၉ရက်နေ့မှာ ဆောက်သမ်တန်ရဲ့ စိန့်မယ်ရီကွင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပွဲစဉ်ကစားရဖို့ရှိနေပါတယ်…

လက်ရှိမန်ယူအသင်းရဲ့ တိုက်စစ်နဲ့ အသင်းရဲ့ ခံစစ်ပိုင်းဟာလည်းတဖြည်းဖြည်းနဲ့ကောင်းမွန်လာပြီး တောင်ပံတိုက်စစ်တွေ ခံစစ်ပိုင်းတွေ ကွင်းလယ်တွေ သိပ်ပြောစရာမရှိအောင် ပြည့်စုံနေပြီလို့ပြောလို့ရပါတယ်…..

မန်ချက်စတာယူနိုက်တက်စ်လူငယ်ကြယ်ပွင့်ကစားသမား ဂရင်းဝုဒ်ကတော့ ” ဒီပွဲကတော့ ကျနော်တို့ အတွက် အနိုင်သုံးမှတ်ကို မဖြစ်မနေရယူရမယ့်ပွဲပါ…..ပွဲရလဒ်ကောင်းမွန်ဖို့ အနိုင်ရဖို့ ကျနော်တို့ အသင်းသားအားလုံးလေ့ကျင်းရေးကွင်းမှာ တက်ကြွစွာ ရုန်းကန်နေပါတယ်….

အဲလက်တဲတောင် ကိုဗစ်ရောဂါပျောက်ခါစဘဲရှိသေးတယ် သူဟာ အပြင်းစားလေ့ကျင်းခန်းတွေကို လုပ်နေပါပြီ….သူ့ဟာ နိုင်လိုစိတ်ပြင်းပြလွန်းတဲ့ကစားသမားတဦးပါ…သူ့ကြောင့်တသင်းလုံးတက်တက်ကြွကြွနဲ့ လေ့ကျင်းရေးကွင်းမှာ ရုန်းကန်နေကြပါတယ်…..

ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်သုံးမှတ်ရယူပြီး ဟက်ထရစ်သွင်းဖို့ ကျနော်ကြိုးစားသွားမယ်လို့ လေ့ကျင့်ရေးကွင်း အင်တာဗျူးမှာ ဂရင်းဝုဒ်ကပြောကြားသွားခဲ့ပါတယ်….

Tu Tu

Leave a Comment

Your email address will not be published.