ဆောက်သမ်တန်နှင့်ပွဲစဉ်တွင်မန်ယူအသင်းကြယ်ပွင့်ကစားသမားနှစ်ဦးလွဲချော်မည်

လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ဆောင်သမ်တန်အသင်းတို့ရဲ့ပွဲစဉ်မှာမန်ယူအသင်းမှကြယ်ပွင့်ကစားသမားနှစ်ဦးကအဆိုပါပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့မန်ယူအသင်းနည်းပြဆိုးရှားကပွဲကြိုမီဒီယာတွေ့ဆုံပွဲမှာပြောကြားလိုက်ပါတယ်။

နည်းပြဆိုးရှားက ပေါပေါ့ဘာနဲ့တော်မီနေးတို့ဟာ ဒီသောကြာနေ့အထိအသင်းရဲ့လေ့ကျင့်ရေးကွင်းကိုမလာနိုင်သေးပါဘူး။သူတို့နှစ်ယောက်ကတော့အသင်းရဲ့အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖို့များနေပါပြီ။ရက်ဖိုစ်၊လင်ဒီလော့နဲ့ဘစ်ဆာကာတို့ကတော့ပုံမှန်လေ့ကျင့်နိုင်နေပြီဖြစ်သလို လုရှောကတော့ ကြံ့ခိုင်မှုအတွက်ပြင်ဆင်နေတုန်းပါ။

လင်ဂတ်ကတော့တစ်ဦးထြလေ့ကျင့်ခန်းဆင်းနေလိုဖီလ်းဂျုံးကလည်းခရစ္စမတ်အပြီးလောကိုအသင်းကို ပြန်လာနိုင်တော့မှာပါ။ပေါပေါ့ဘာရဲ့ဒဏ်ရာကာလရှည်အနားယူရတာမျိုးအဖြစ်ဖို့တော့ကျွန်တော်မျှော်လင့်နေပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းရဲ့ကစားပုံကြောင့် ခက်ခက်ခဲခဲကစားရမယ်လို့ဘောလုံးကျွမ်းကျင်သူအများစုက ခန့်မှန်းနေချိန်မှာ ယခုကဲ့သို့အသင်းရဲ့ကြယ်ပွင့်ကစားသမားနှစ်ဦးရဲ့ဒဏ်ရာသတင်းဟာအသင်းအတွက်တော့ထိုးနှက်ချက်ဖြစ်လာပါတယ်။


Leave a Comment

Your email address will not be published.