ဆိုးလ်ရှား၏သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်

ခက္ခဲတဲ့ၿပိဳင္ဘက္

“ဆောက်သမ်တန်ဟာခက်ခဲတဲ့ပြိုင်ဘက်ပါ။ လွန်ခဲ့တဲ့ပွဲ၃၀၊ ၄၀လောက်ကိုပြန်ကြည့်မယ်ဆိုရင် သူတို့အသင်းဟာ အသင်းကောင်းတွေထဲကတစ်သင်းပါ။ တိုးတက်မှုတွေရှိခဲ့တဲ့အသင်းဖြစ်တာကြောင့်လည်း သူတို့အသင်းကိုကစားရဘယ်လောက်ခက်မယ်ဆိုတာကျနော်တို့သိပါတယ်။ မနှစ်ကသူတို့နဲ့၂ကြိမ်ဆုံခဲ့တယ်”

“ဖိကစားရတာကိုနှစ်သက်ပြီးခက်ထန်တဲ့အသင်းပါ။ ဘောလုံးကိုင်ကစားမယ်ဆိုရင်တော့ သူတို့ကိုရင်ဆိုင်ဖို့ခက်ပါလိမ့်မယ်။ Ralph လက်အောက်မှာတိုးတက်လာတာကိုကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့အသင်းမှာရှိတဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအနေအထားတွေကိုသဘောကျတဲ့လူတွေထဲမှာ ကျနော်လည်းပါတယ်”

ဒဏ်ရာအခြေအနေ

“Scott နဲ့ Paul ကွင်းထဲမှာ ဒီမနက်ထရိန်နင်မဆင်းခဲ့ကြဘူး။ လာမယ့်ပွဲအတွက် သူတို့နှစ်ယောက်စလုံးဝင်ကစားနိုင်ချေမရှိဘူး။ Marcus, Victor နဲ့ Aaron ကတော့အဆင်ပြေလောက်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့မဟုတ်ဘူးပေါ့။ Shaw က ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေစလုပ်နေပြီ”

အခက်အခဲတွေကြားကလူငယ်တစ်ယောက်

“လူငယ်ကစားသမားလေးတွေကို လူငယ်အသင်းတွေမှာအဆင့်ဆင့်ကျော်ဖြတ်ကစားစေပြီးပြုစုပျိုးထောင်ပေးတဲ့အစဉ်အလာတစ်ခု ကျနော်တို့မှာရှိတယ်။ အသင်းတစ်သင်းအနေနဲ့ ကျနော်တို့မှာအစဉ်အလာကောင်းတစ်ခုရှိပါတယ်။ ခက်ခဲတဲ့ကာလတွေကိုကျော်ဖြတ်နေရတဲ့ကစားသမားတွေကိုလည်း ကျနော်တို့အကူအညီပေးပါတယ်”

အဝေးကွင်းမှာနိုင်ပွဲတွေဆက်နေဦးမှာလား

“အဝေးကွင်းမှာနိုင်ပွဲဆက်နေတာကိုအရှိန်ရစေချင်ပါသေးတယ်။ ဒါပေမယ့် မနှစ်ကဆောက်သမ်တန်ဘယ်လိုတိုးတက်ခဲ့တယ်ဆိုတာကိုလည်း ကျနော်တို့သိပါတယ်။ ဇန်နဝါရီလအစမှာကတည်းက ကျနော်တို့မှာအဝေးကွင်းမှတ်တမ်းကောင်းတွေရှိခဲ့တယ်။ ဇယားအထက်ပိုင်းကိုတက်နိုင်ဖို့ ကျနော်တို့ဖိအားပေးနေတယ်၊ ခြေစွမ်းတည်ငြိမ်မှုဆိုတာကိုလည်းရနေပါပြီ။ အမှားတွေကနေသင်ခန်းစာကောင်းကောင်းရခဲ့မယ်ဆိုရင်တော့ ဒါဟာ ကျနော်တို့အတွက်ကောင်းမွန်တဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ”

ဘရူနိုဖာနန်ဒက်စ်နှင့်ပတ်သတ်၍

“ဘရူနိုမှာ ခရစ္စတီယာနိုလိုပြယုဂ်မျိုးရှိပါတယ်။ သူအသင်းကိုရောက်လာကတည်းက ကျနော်တို့ရလာဒ်တွေကိုပဲကြည့်တော့။ အသင်းအဖွဲ့စိတ်မျိုးရှိတဲ့ကစားသမားတစ်ယောက်၊ လက်ရှိအချိန်မှာလည်း ကျနော်တို့အတွက်အရေးပါနေတဲ့ကစားသမားတစ်ယောက်ပါ။ ဘရူနိုကို ပြီးခဲ့တဲ့ Leipzig နဲ့ပွဲမှာအနားပေးမယ်လို့ ကျနော်သူ့ကိုကြိုမပြောခဲ့ပေမယ့် သူကောင်းကောင်းသဘောပေါက်ပါတယ်”

‘လက်ရှိလူစာရင်းကိုကျေနပ်ပါတယ်’ ဟူသည့် ဓာတ်ပြားဟောင်းကြီး

“ဘောလုံးအသင်းတွေရဲ့ဘဏ္ဍာရေးအခြေအနေဘယ်လိုရှိတယ်ဆိုတာ မှန်းရခက်ပါတယ်။ ကစားသမားတွေရောင်းထုတ်ဖို့လိုနေလား၊ လူသစ်တွေထပ်ဝယ်ဖို့ငွေရှိနေလားဆိုတာကိုပေါ့။ ပြောရမယ်ဆိုရင် လာမယ့်ဇန်နဝါရီဈေးကွက်မှာ အဝင်အထွက်ခပ်များများရှိဖို့ကိုကျနော်မမှန်းထားဘူး။ ဘဏ္ဍာရေးအရ ဘောလုံးလောကကြီးလည်းပြောင်းလဲသွားပြီ။

လက်ရှိကစားသမားစာရင်းနဲ့ပတ်သတ်ပြီး ကျနော်အရမ်းအားရတယ်လို့ခံစားမိတယ်။ အသင်းကပိုလို့တောင်အင်အားတောင့်လာပါသေးတယ်” “ကျနော့်မှာအဲ့ဒီပြဿနာတွေအပတ်တိုင်းရှိနေတုန်းပဲ။ ပဏာမလူစာရင်းမှာ(၁၈)ယောက်ပဲထည့်ရမှာဆိုတော့ ငါဘယ်သူ့ကိုချန်ခဲ့ရင်ကောင်းမလဲ ဆိုတဲ့ ပြဿနာပေါ့။ အသင်းကအနေအထားကောင်းတစ်ရပ်မှာရှိနေတယ်လို့ ကျနော်ခံစားမိပါတယ်”

Source From Up To Date Man U News

Leave a Comment

Your email address will not be published.