အိုဇေးဟာ အာဆင်နယ်အသင်းရဲ့လူစာရင်းမှာရှိနေသင့်တယ်လို့ဆိုလာတဲ့ယွန်းဘက်

အာဆင်နယ်အသင်းရဲ့ ဂန္ဓဝင်ကစားသမားလည်းဖြစ်အသင်းရဲ့ကြားဖြတ်နည်းပြအဖြစ်လည်းဆောင်ရွက်ဘူးသူယွန်းဘက်ကအာဆင်နယ်အသင်းရဲ့လူစားရင်းမှာဂျာမန်ကွင်းလယ်ကစားသမားအိုဇေလ်းရှိနေသင့်တယ်လို့The Athletic နဲ့အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။

ယွန်းဘက်ကလက်ရှိလူစာရင်းမှာအိုဇေးကိုဘာကြောင့်ဖယ်ထုတ်ထားလည်းသူအသိဘူးလို့ဆိုပါတယ်။လူအမျိုးမျိုးမှာအမြင်အမျိုးမျိုါ်ရှိကြပေမယ့် သေချာတာကတော့ အိုဇေးဟာ ကြီးကျယ်တဲ့ကစားသမားပါလို့ပြောပါတယ်။ကစားပုံအမျိုးမျိုးအတွက် အသုံးဝင်မှုမဝင်မှုရှိနေမှာတော့သေချာြ့ပီးမန်စီးတီးအသင်းကစားပုံမျိုးဆိုရင် အိုဇေးလိုကစားသမားမျိုးက သင့်တော်နေတာဘဲလို့ မန်စီးတီးအသင်းမှာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့လက်ရှိအာဆင်နည်းနည်းပြ အာတေးတာကို ပါးပါးလေးပုပ်သွားပါတယ်။

အိုဇေးကို ပရီးမီးယားလိဂ်ကော ယူရိုပါလိဂ်လူစားရင်းကကောထုတ်ပါယ်ထားတာမို့လို့အိုဇေးအနေနဲ့ ဇန်နဝါရီမှာ လူစာရင်းကိုပြန်လည်ထည့်သွင်းပေးခဲ့ရင်တောင်ပြန်ကစားဖို့သိပ်မသေချာဘူးလို့ယွန်းဘက်ကသုံးသပ်ပါတယ်။

အိုဇေးကိုဘာကြောင့် မကစားခိုင်းတာလဲလို့မေးတဲ့မေးခွန်းအပေါ်မှာတော့ ယွန်းဘက်က ဒီမေးခွန်းကို သူမဖြေနိုင်ဘူးလို့ငြင်းသွားပေမယ့် သူ့လက်ထက်၆ပွဲကိုင်ရတဲ့အချိန်မှာတော့အိုဇေးကစားသမားပါအခုမှ ဘာလို့ကစားသမားမဟုတ်တော့တာလဲသူမသိဘူးလို့ပြောပါတယ်အခုအခြေနေကဘယ်လိုရှိလဲလည်း ဆိုတာမသိကြောင်းဖြေရှင်းပါတယ်။

အိုဇေးဟာအာဆင်နယ်အသင်းမှာလစာအများဆုံးရနေပေမယ့်အသင်းရဲ့လူစားရင်းကနေထုတ်ပါယ်ခံထားရတာမို့ကစားခွင့်မရသူဖြစ်နေပါတယ်။သူနဲ့အာဆင်နယ်အသင်းရဲ့စာချုပ်ဟာ လာမယ့်နွေရာသီမှာကုန်ဆုံးတော့မှာမို့လို အလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းကနေထွက်ခွာတော့မှာလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.