ပွဲထွက်မကစားရခြင်းကြောင့် ဗန်ဒါဘိအသင်းကထွက်ခွါမှာကို မန်ယူအသင်းစိုးရိမ်နေ

မန်ယူအသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိ ဟာအသင်းမှာပွဲထွက်ကစားခွင့်အနည်းငယ်သာ ရရှိလို့
မန်ယူအသင်းမှာပျော်ရွှင်မှု မရဖြစ်နေတယ်သတင်းတွေထွက်ပေါ်နေချိန်မှာ ဗန်ဒါဘိကို အီတလီ ကလပ်အသင်းကြီးဖြစ်တဲ့ဂျူဗင်တတ်အသင်းကခေါ်ယူချင်တယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။

ဗန်ဒါဘီဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမန်ယူအသင်းကိုရောက်ရှိလာချိန်ထဲက အသင်းရဲ့အရေးကြီးတဲ့ပွဲစဉ်တွေမှာပွဲထွက်ခွင့်မရရှိသေးဘဲဖလားပွဲစဉ်တွေနဲ့ အချို့ွပွဲစဉ်တွေမှာသာကစားခွင့်ရရှိနေတာပါ။အဆိုပါကခြေနေကိုကစားသမားအနေနဲ့စိတ်ပျက်နေကြောင်း ဗန်ဒါဘိရဲ့ အေးဂျင့်ဖြစ်သူကလည်းမကြာခဏဆိုသလိုဝေဖန်ပြောဆိုလျှက်ရှိပါတယ်။

ယင်းအခြေနေတွေကြောင့် ဗန်ဒါဘိကို ခေါ်.ူရန်အီတလီကလပ်ဂျူဗင်တတ်အသင်းကစောင့်ကြည့်မှုတွေပြုလုပ်လာပြီးပွဲထွက်ခွင့်အာမခံမှုမျိုးနဲ့ခေါ်ယူခဲ့မယ်ဆိုရင်ကစားသမားကိုယ်တိုင်ကအသင်းကနေထွက်ခွါမှုကိုတောင်းဆိုတာမျိုးပြုလုပ်လာနိုင်တာကြောင့် မန်ယူအသင်းအနေနဲ့စိုးရိမ်လာတာပါ။

မန်ယူအသင်းဟာတဘက်မှာလည်းပေါ့ဘာရဲ့အခြေနေကြောင့်ဗန်ဒါဘိကိုလုံးဝလက်လွှတ်လိုခြင်းမရှိသလို ပေါ့ဘာရှိနေချိန်မှာလည်းအသင်းရဲ့ပွဲထွက်ခွင့်မှာပေါ့ဘာကဦးစားပေးအဖြစ်ရှိနေတာကြောင့် ဗန်ဒါဘိဟာ ဒုတိယဦးစာပေးအဖြစ်သာရှိနေဆဲပါ။လတ်တလောပေါ့ဘာခြေစွမ်းပျောက်ဆုံးနေချိန်မျိုးမှာတောင်ပေါ့ဘာသာအသင်းရဲ့ဦးစားပေးအဖြစ်ပွဲထွက်ကစားနေရတာကို ဗန်ဒါဘိ ရဲ့အေးဂျင့်ကလည်းဝေဖန်နေတာပါ။

ဗန်ဒါဘိဟာ ကွင်းလယ်နံပါတ်၆နေရာကောနံပါတ်၁၀နေရာပါပိုင်နိုင်စွာကစားနိုင်တာကြောင့် မန်ယူအသင်းအနေနဲ့လည်း လုံးဝလက်လွှတ်လိုခြင်းမရှိဘဲ ဗန်ဒါဘိကိုပွဲထွက်ကစားချိန်ပိုပေးနိုင်ဖို့နည်းပြဆိုးရှားကို ဖိအားပေးမှုအချို့လုပ်ခဲ့တယ်လို့လည်း မန်ချက်စတာ အသင်းအတွင်းဝန်ထမ်းတစ်ဦးမှဆိုပါတယ်။လက်ရှိအခြေနေအရလာမယ့်နွေရာသီမှာပေါ့ဘာအသင်းကထွက်သွားနိုင်လို့ဗန်ဒါဘိဟာ မန်ယူအသင်းအတွက် မရှိမဖြစ်အခြေနေမျိုးလည်းဖြစ်နေပါတယ်။

အဓိကကွင်းလယ်ကစားသမားဖာနန်ဒက်ရဲ့အရန်အဖြစ်ရှိနေသလို ပေါ့ဘာနေရာကိုလည်းကောင်းကောင်းအစားဝင်နိုင်တာကြောင့်မန်ယူအသင်းကွင်းလယ်ကိုပူံမပျက်ထိမ်းသိမ်းနိုင်မယ့်ကစားသမားဟာဗန်ဒါဘိတစ်ဦးထဲသာရှိနေပါတယ်။

Leave a Comment

Your email address will not be published.