လာမယ့်နွေရာသီမှာ မန်ယူအသင်းကိုပြန်ရောက်လာနိုင်တဲ့ ဂျွန်နီအီဗန့်

လက်စတာအသင်းရဲ့ဗဟိုနောက်ခံကစားသမားဂျွန်နအီဗန့်ဟာ အသင်းဟောင်းမန်ချက်စတာယူနိုက်တတ်အသင်းကို ပြန်လည်ရောက်ရှိလာဖို့ရှိနေပါတယ်။လက်စတာအသင်းနဲ့အီဗန့်တို့ရဲ့စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ကိုရောက်ရှိနေသလို ခုချိန်ထိနှစ်ဦးနှစ်ဘက်ပြေလည်တဲ့ကမ်းလှမ်းမှုမျိုးမရှိသေးတာကြောင့် မန်ယူအသင်းဟာအဆိုပါအခြေနေကိုအနီးကပ်စောင့်ကြည့်နေပြီးကစားသမားဟောင်းကို အသင်းကို ပြန်လည်ခေါ်ဆောင်ဖို့ကြံလာတာပါ။

အီဗန့်ဟာ ဆိုးရှားအလိုရှိနေတဲ့ ဘယ်ခြေအားသန်နောက်ခံလူအမျိုးအစားဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်အတွေ့အကြုံအလွန်ရင့်ကျက်နေတာကြောင့်အသင်းမှလူငယ်ကစားသမားတွေနဲ့ တွဲဖက်ကစားစေလိုတဲ့နည်းပြဆိုးရှားရဲ့ဆန္ဒလည်းဖြစ်ပါတယ်။

စာချုပ်သစ်ချုပ်ဆိုခြင်းမရှိပါက လက်စတာအသင်းကလည်း အီဗန့ိကို လာမယ့်ဇန်နဝါရီဈေးကွက်မှာရောင်းချဖွယ်လည်းရှိနေပြီးလတ်တလောဈေးကွက်ပေါက်ဈေးပေါင်သန်း၂၀လောက်တန်တဲ့အီဗန့်ကို အလွတ်ထွက်ခွါခွင့်ပေးဖွယ်မရှိပါဘူး။

အီဗန့်ကိုယ်တိုင်ကတော့ လက်စတာအသင်းမှာပျော်ရွှင်နေကြောင်းနဲ့ကမ်းလှမ်းလာမယ့်စာချုပ်အသစ်ကို မျှော်လင့်ကြောင်း ပြောကြားထားပေမယ့် လက်စတာအသင်းဘက်ကအသက်၃၂နှစ်အရွယ်နောက်ခံကစားသမားကို စာချုပ်သစ်ကမ်းလှမ်းခြင်းမရှိသေးပါဘူး။

အီဗန့်ဟာ ၂၀၁၅ခုနှစ်က ဝက်ဘရွန်းအသင်းကိုမပြောင်းရွှေ့မီအချိန်ထိမန်ယူအသင်းမှာဆယ်စုနှစ်တစ်ခုကျော်ကစားခဲ့တဲ့အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားဟောင်းတစ်ဦးဖြစ်သလိုနည်းပြဆိုးရှားနဲ့အသင်းဖေါ်ဖြစ်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။တကယ်လို့ လက်စတာကစာချုပ်သစ်ဆက်မချုပ်ဘူးဆိုရင်တော့ ကစားသမားကလည်း အသင်းဟောင်းကို ပြန်လာဖို့ရှိနေပါတယ်။

Leave a Comment

Your email address will not be published.