ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်တွင် မန်ယူအသင်းလူစာရင်းအပြောင်းအလဲသုံးခုပြုလုပ်မည်

ဆောက်သမ်တန်အသင်းနှင့်ယနေ့ညယှဉ်ပြိုင်မည့်ပွဲစဉ်တွင်မန်ယူအသင်းအနြေ့ဖင့်ပွဲထွက်ကစားသမားအပြောင်းအလဲပြုလုပ်ဖို့ရှိနေတယ်လို့FootBall အားကစားစာမျက်နှာမှ သုံးသပ်လိုက်ပါတယ်။

လတ်တလောက်ခြေစွမ်းတတ်နေပြီး၇ပွဲဆက်တိုက်၇ှုံးပွဲမရှိကစားထားနိုင်တဲ့ဆောက်သမ်တမ်အသင်းကို ၎င်းအသင်းရဲ့အိမ်ကွင်းမှာ မန်ယူအသင်းအနေနဲ့အနိုင်ရအောင်စွမ်းဆောင်ဖို့မလွယ်ဘူးလို့အများကထင်ကြေးပေးနေကြပါတယ်။

မန်ယူအသင်းအနေနဲ့ကလည်း ဆောက်သမ်တန်အသင်းကိုအနိုင်ရရှိပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ပထမဦးဆုံးအကြိမ်မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းရဲ့အပေါ်မှာရပ်တည်နိုင်မှာဖြစ်တဲ့အပြင် အမှတ်ပေးဇယားထိပ်ဆုံးကအသင်းတွေနဲ့အမှတ်ကွာဟချက်ကို လျှော့ချနိုင်ဖို့လည်းရှိနေတာကြောင့် ယနေ့ညပွဲစဉ်ဟာမန်ယူအတွက်လည်အရေးကြီးနေပါတ်တယ်။

အဆိုပါပွဲစဉ်အတွက်မန်ယူအသင်းနည်းပြဆိုးရှားအနေနဲ့အပြောင်းအလဲပြုလုပ်ဖို့ရှိနေပြီး ဂိုးသမားနေရာမှာ အသင်းကိုပြန်လည်ရောက်ရှိချိန်ထဲက ပွဲထွက်ခွင့်အနည်းငယ်သာရရှိထားတဲ့ဟန်ဒါဆန်ပွဲထွက်လာဖို့ရှိနေသလို ညာတောင်ပံတိုက်စစ်နေရာမှာလူငယ်တိုက်စစ်မှူးလေးဂရင်းဝုတ်ပါဝင်လာနိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆောက်သင်တမ်အသင်းရဲ့လျှင်မြန်တဲ့တိုက်စစ်ကစားဟန်ကို ထိမ်းနိုင်ဖို့ ဗဟိုခံစစ်ကလင်ဒီလော့ရဲ့နေရာမှာ အခြားလူငယ်ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့တွန်ဇီဘီပါဝင်လိမ်မယ်လိုံ့သုံးသပ်ထားပါတယ်။တွမ်ဇီဘီဟာPSGအသင်းကိုအနိုင်ရရှိခဲ့တဲံပွဲစဉ်မှာ အလွန်လျှင်မြန်လှတယ်လို့နာမည်ကြီးတဲ့ နေမာ။ဘာပေတို့ကို ထိမ်းချုပ်ပြထားဘူးသူ

လည်းဖြစ်ပါတယ်။

ယခုလိုပြောင်းလည်းလာနိုင်တဲ့ကစားကွက်ကို ပရိတ်သတ်တွေအနေနဲ့ မှတ်ချက်ပြုရေးသားပေးဖို့၎င်းအားကစားဝက်ဆိုဒ်ကတောင်းဆိုထားပါသေးတယ်။

Leave a Comment

Your email address will not be published.