ဆောက်သမ်တန်ပွဲမှာ ပေါ်လာခဲ့တဲ့ 2007-08ကလို ကြောက်စရာကောင်းတဲ့ မန်ယူတိုက်စစ်အတွဲ…..

မန်ချက်စတာယူနိုက်တက် ဟာ ဆောက်သမ်တန်ရဲ့ စိန့်မယ်ရီကွင်းမှာအဝေးကွင်းပွဲ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် ကစားခဲ့ရာမှာ 2-3 ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်….ဒီပွဲမှာ ကာဗာနီ ရဲ့ နောက်ကျဂိုး ၂လုံးနဲ့ အတူ မန်ချက်စတာယူနိုက်တက်မှာ မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့

၂၀၀၇-၀၈ ပရီးမီးယားလိဂ်မှာ ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ မန်ယူရဲ့ တီဗက်စ်၊ရော်နယ်ဒို၊ရွန်းနီတို့လို တိုက်စစ်အတွဲကို ဒီနေ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်…အဲ့ဒီချိန်က မန်ယူမှာ ပြိုင်ဘက်နောက်တန်း ကို အချိန်ပြည့်ချိန်းခြောက်နိုင်ခဲ့တဲ့ တိုက်စစ်အတွဲဆိုလည်း မမှားပါဘူး….

ဒီနေ့ ဆောက်သတန်ပွဲမှာလည်း အဲ့ဒီအချိန်ကလို တိုက်စစ်အတွဲကို မြင်တွေ့ခဲ့ရပါတယ်…..လုံးဝဥသုံကြီးမမီသေးဘူးဆိုပေမဲ့…ဒါကလူငယ်တွေ…ဒါကရာသီအစလေ……အဲ့ဒီတိုက်စစ်အတွဲကဘယ်သူတွေလဲဆို ကာဗာနီ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ရတ်ဖို့တို့ဘဲဖြစ်ပါတယ်…

မိနစ် ၅၀ နောက်ပိုင်းမှာ ဆောက်သမ်တန် ဂိုးပေါက်နား တဝိုက်မှာ တချိန်လုံးဒီတိုက်စစ်အတွဲက ချိန်းခြောက်နေခဲ့ပါတယ်….ရတ်ဖို့စ်ရဲ့ပြေးအား အလိမ်အခေါက်တွေ တွန်းတွန်းတိုက်တိုက်ကစားအားတွေ …..

ဘရူနိုရဲ့ ထိုးဖောက်မြင်နိုင်စွမ်းတွေ နေရာလွတ်ရာနိုင်စွမ်းတွေ တကွင်းလုံးပတ်ကစား နိုင်လိုစိတ်ပြင်းထန်မှုတွေ ဂိုးပေါက်ချိန်းခြောက်မှုတွေကို

ကျနော်တို့ နံပါတ် ၇ ကြီး ကာဗာနီရဲ့ အဆုံးသတ်သေချာမှု နေရာယူကောင်းမှုတွေနဲ့ပေါင်းလိုက်တဲ့အခါမှာ ၂၀၀၇-၀၈ ကတိုက်စစ်အတွဲလို ပြိုင်ဘက်အသင်းကို ချိန်းခြောက်နိုင်မယ့် တိုက်စစ်အတွဲဖြစ်လာလိမ့်မယ်ဆိုတာမလွဲတော့ပါဘူး….

ဗန်ဒါဘတ်ကလည်း ပထမပိုင်းမှာ ဘရူနိ ၊ ရတ်ဖို့စ် တို့နဲ့ အတူတူ တိုက်စစ်ကို တွဲလုံးမိမိ ကစားလာပြီး အထိုင်ကျပြီဆိုတဲ့အကြောင်းကိုပြသနေပါပြီ…..

Tu Tu

Leave a Comment

Your email address will not be published.