အပျော်လွန် လူမှုကွန်ရက်ပို့စ်ကြောင့် FA ရဲ့ပွဲပယ်အပြစ်ပေးခံရနိုင်တဲ့ကာဗာနီ

လူမှုကွန်ရက်ပေါ်က ပို့စ်တခုမှာ လူမျိုးရေးခွဲခြားတယ်လို့ ယူဆရတဲ့ အသုံးအနှုန်းကို ရေးသားခဲ့တဲ့အတွက် ယူနိုက်တက်တိုက်စစ်မှူး အက်ဒီဆန်ကာဗာနီဟာ FA ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ Goal သတင်းမှာဖော်ပြပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အရန်ခုံကနေထလာပြီး အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ကာဗာနီ ဝင်လာပြီးနောက်မှာ ဘရူနိုဖာနန်ဒက်စ်အတွက် ၁ ဂိုး ဖန်တီပေးခဲ့သလို ကိုယ်တိုင်လည်း ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအပြီးမှာ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ နိုင်ပွဲနဲ့ပတ်သက်လို့ ပရိသတ်တွေဆီကရရှိခဲ့တဲ့ မက်ဆေ့ချ်တချို့ကိုပြန်လည်မျှဝေခဲ့ပြီး ပို့စ်တစ်ခုကိုတော့ “Gracias n******” ဆိုတဲ့စာသား နဲ့ တုံ့ပြန် ရေးသားခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကာဗာနီဟာ ဒီပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။

ကာဗာနီရေးခဲ့တဲ့စာသားဟာ သူ့ရဲ့ ဥရုဂွေးအသင်းဖော် လူးဝစ္စဆွာရတ် ၂၀၁၁ ခုနှစ်မှာ အီဗရာကို ပြောဆိုခဲ့တဲ့ စာသားနဲ့တူညီနေပါတယ်။ ဒီလိုစကားလုံးကို အသုံးပြုခဲ့တဲ့အတွက် လီဗာပူးတိုက်စစ်မှူးဟောင်းဆွာရတ်ဟာ ဒဏ်ငွေပေါင် ၄၀၀၀၀ နဲ့ ၈ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

လက်ရှိအချိန်အထိ ကာဗာနီရဲ့ပို့စ်အတွက် ယူနိုက်တက်အသင်းနဲ့ FA တို့ဘက်က တစုံတရာပြောဆိုခြင်းတော့မရှိသေးပါဘူး။

ကာဗာနီဟာ ယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အောက်တိုဘာလမှာ ရောက်ရှိလာခဲ့သူဖြစ်ကာ ၅ ပွဲ လူစားဝင်ကစားခွင့်ရရှိထားပြီး ၃ ဂိုးသွင်းယူပေးထားပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ အရန်ခုံကထလာပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကာဗာနီကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးခဲ့ပြီး တိုက်စစ်မှူးရဲ့ ဘောလုံးမပါဘဲ ရွေ့လျားမှုတွေအတွက် ကျေနပ်မိတယ်လို့ ပြောပါတယ်။

Leave a Comment

Your email address will not be published.