ဆောက်သမ်တမ်နှင့်ပွဲစဉ်တွင်အဓိကစားသမားနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့မန်ယူ

မန်ယူအသင်းဟာ ယမန်နေ့ညကသောက်သမ်တမ်အသင်းကိုနောက်ကပြန် လိုက်ကစားခဲ့ရပြီးနာကျင်အချိန်ပိုမှာလူစားဝင်တိုက်စစ်မှူးကာဗာနီရဲ့ခေါင်းတိုက်အနိုင်ဂိုးနဲ့၂-၃ရလာဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ နှစ်ဘက်ကစားသမားတွေပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲချိန်အတွင်းထိခိုက်မှုတွေရှိခဲ့ကာ မန်ယူအသင်းက ကစားသမားနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မန်ယူအသင်းက ဒဏ်ရာရရှိခဲ့တဲ့ကစားသမားတွေကတော့ ဂိုးသမားဒေဗစ်ဒီဂီယာနဲ့ဘယ်နောက်ခံကစားသမား အဲလက်တဲလ်တို့ဖြစ်ကြောင်းမန်ယူနည်းပြဆိုးရှားက မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

ဆိုးရှားအတွက် အဆိုပါသတင်းဟာ သတင်းဆိုးဖြစ်နေခဲ့ပြီးယင်းကစားသမားနှစ်ဦးလုံးလာမယ့်ကြာသာပတေးနေ့မှာကစားမယ့် PSGအသင်းနဲ့ချိန်ပီယံလိဂ်ပွဲစဉ်အမှီပြန်ကောင်းလာမလားဆိုတာတော့ဆုတောင်းနေရကြောင်းပြောကြားသွားခဲ့ပါတယ်။

နည်းပြဆိုးရှားက ဒေဗစ်နဲ့တဲလ်တို့ရဲ့ဒဏ်ရာတွေပြင်းထန်မှုမရှိဖို့ဆုတောင်းပါတယ်။ဒေဗစ်က ဒူးဒဏ်ရာရရှိသွားတာဖြစ်ပြီ အဆိုပါဒဏ်ရာကြောင့် ကာလရှည်အနားယုူရတာမျိုး အဖြစ်ဖို့မျှော်လင့်ပါတယ်။တဲလ်ကတော့ခြေကျင်းဝတ်နာကျင်မှုဖြစ်နေပါတယ်။သူတို့နှစ်ဦးလုံးလာမယ့်ပွဲစဉ်မှာ အသင်းကိုပြန်လာနိုင်မလားမပြောနိုင်ပါဘူး။ဒဏ်ရာတွေပြင်းထန်မှုမရှိဖို့ဆုတောင်းပါတယ်လို့ဖြေကြားသွားခဲ့ပြီး။

အသင်းရဲ့အခြားဒဏ်ရာ ရ လူစားရင်းကိုလည်းပြောကြားခဲ့ပါတယ် တနင်္လအသင်းလေ့ကျင့်ကွင်းကို ပေါပေါ့ဘာနဲ့ တော်မီနေးတို့လာရောက်နိုင်လိမ့်မယ်လို့ဆိုခဲ့ပြီးလုရှောနဲ့ ဖီးလ်ဂံျုးတို့ကတော့ အသင်းကို ပြန်လာနိုင်သေးသလို လင်ဂတ်ကတော့အသင်းနဲ့ပူးပေါင်းတော့မယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီဂီယာနေရာအတွက်အစားဝင်ဖို့ဟန်ဒါဆန်ဟာ အဆင်သင့်ဖြစ်နေပြီးယမန်နေ့က လူစားဝင်ရောက်ကစားချိန်မှာ ထိပ်တန်းလက်စွမ်းမျိုး ကို ပြသသွားခဲ့တယ်လို့ချီးကျူးသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.