ချန်ပီယံလိဂ်မှာ သမိုင်းအသစ်ရေးထိုးချင်တယ်ဆိုတဲ့ ဘရူနိုဖာနန်ဒက်…

မန်ချက်စတာယူနိုက်တက်စ်ဟာ ချန်ပီယံလိဂ်အိမ်ကွင်း ပွဲစဉ်အဖြစ် ပြင်သစ်မြေမှလာတဲ့ PSG အသင်းကို အို့စ်ထရက်ဖို့ကွင်းမှာ လာမယ့်ကြာသပတေးမှာလက်ခံကစားရမှာဖြစ်ပါတယ်..

ဒီပွဲမတိုင်ခင်မှာ မန်ယူဟာ အိမ်ကွင်းအဝေးကွင်းနိုင်ပွဲများကို ဆက်တိုက် အနိုင်ပိုင်းကာ တိုက်စစ်ခြေစွမ်းပြန်လည်ကောင်းမွန်လာပြီး နောက်ကျဂိုးများဖြင့် အသင်းတိုင်းကို ကပ်ဖြုတ်ကာ ချန်ပီယံလိဂ်မှာလည်း တော်တော်အခြေနေကာင်းလာနေပါတယ်…

ဘရူနိုဖာနန်ဒက်က မန်ချက်စတာယူနိုက်တက်နဲ့အတူ သမိုင်းသစ်ရေးထိုးချင်တယ်ဆိုတဲ့အကြောင်းကို Sport Tribble News မှာဖွင့်ဟပြောသွားခဲ့ပါတယ်…

ဘရူနိုက ” ကျနော်တို့ ခြေစွမ်းပိုင်း ပြန်ကောင်းလာတာမှန်ပါတယ်..ဒါပေမဲ့ အသင်းသားအားလုံးစည်းလုံးဖို့လိုတယ် ….ဒီထက်ပိုကြိုးစားရအုံးမယ်…တိုက်စစ်ပိုင်းမှာ အဆုံးသတ်သေချာတဲ့ သွင်းဂိုးတွေလိုနေပါသေးတယ်…

ကျနော်တို့ ဒီထက်ပိုသွင်းနိုင်တယ်ဆိုတာယုံကြည်တယ်…..အသင်းသားတွေဟာလည်း ယုံကြည်မှုပြည့်ဝနေပါပြီ…ကျနော်ကတော့ မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ သမိုင်းသစ်တခုရေးထိုးချင်ပါတယ်ဆိုပြီးပြောသွားခဲ့ပါတယ်….

ပရိတ်သတ်တွေက အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ဘာများပြောင်းလဲလာမလဲဆိုတဲ့မေးခွန်းကိုတော့ ဘရူနိုက ဖြေမသွားခဲပါဘူး…ဆိုပြီး Sport Tibble News ကနေ ပြောပြခဲ့ပါတယ်..

Tu Tu

Leave a Comment

Your email address will not be published.