ဖာနန်ဒက်နဲ့ရက်ဖိုစ့်ကိုလန့်နေပြီဟုPSGနည်းပြတူချယ်ဝန်ခံ

လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်မီမီဒီယာများနဲ့ အင်တာဗျူးမှာPSGနည်းပြကတူချယ်က ပြိုင်ဘက်မန်ယူအသင်းကစားသမားနှစ်ဦးကိုချီးမွန်းခန်းဖွင့်လိုက်တာပါ။

အဆိုပါချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို မန်ယူအသင်းရဲ့အိမ်ကွင်းအိုးထရက်ဖိုစ့်မှာယှဉ်ပြိုင်ရမှဖြစ်ပြီးနှစ်သင်းလုံးအတွက် ရှုံးထွက်အဆင့်ကိုတတ်ရောက်နိုင်ဖို့အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်နေပါတယ်။

အဆိုပါပွဲစဉ်မှာမန်ယူအသင်းကသရေတစ်မှတ်ရရှိရုံနဲ့အခြေနေကောင်းနေပြီး PSGအသင်းကတော့ အနိုင်ရမှကိုဖြစ်မယ့်အနေအထားဖြစ်နေပါတယ်။တဖက်မှာPSGနဲ့အမှတ်တူဖြစ်နေတဲ့ လိုက်ပစ်အသင်းက အီစတန်ဘူဘက်ရှီဟာအသင်းနဲ့ယှဉ်ပြိုင်ရမှာမို့အနိုင်၃မှတ်သေချာတဲ့အနေထားရှိနေပြီး

PSGအသင်းကသာမန်ယူကိုမနိုင်ခဲ့ရင်အဆိုပါနှစ်သင်းရဲ့အမှတ်ကွာဟချက် များလာမှာဖြစ်ပြီး မန်ယူအသင်းအနေနဲ့လည်း နောက်တဆင့်တတ်ရောက်ခွင့်အလိုလိုရရှိသွားမှာဖြစ်ပါတယ်။ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေဟာHead to Headအရဆုံးဖြတ်တာမို့အဓိကပြိုင်ဘကနှစ်သင်းလုံးကိုတကြောစီနိုင်ထားတဲ့မန်ယူအသင်းဟာ အလွန်အခြေနေကောင်းနေတာပါ။

သတင်းစာရှင်းလင်းပွဲမှာ တူချယ်က ရက်ဖိုစ်နဲ့ကျွန်တော်တို့အသင်းတွေ့ဆုံမှု ၃ကြိမ်ရှိပါပြီး။သုံးကြိမ်လုံးသူဘာလုပ်နိုင်တယ်ဆိုတာဘယ်လောက်မြန်တယ်ဆိုတာပြသပြီးပါပြီနောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်မှာရက်ဖိုစ့်ကကျွန်တော့်အတွက်စိတ်ပျက်စရာရလာဒ်ကို ယူလာပေးသူပါသူ့ရဲ့သက်ရောက်မှုကကြီးမားလွန်းလှပါတယ်။

ဖာနန်ဒက်ကတော့အထူးပြောစရာမလိုတော့ပါဘူး မန်ယူကိုရောက်ရှိလာတဲ့ပထမမိနစ်ထဲ က ခြေစွမ်းပြနေတာမရပ်သေးပါအသင်းမှာသူ့ရဲ့သြဇာက အကြီးအကျယ်လွမ်းမိုးနေပါပြီသူလုပ်ပြထားတာတွေကအထင်ကြီးစရာကောာင်းပါတယ်။သူဟာမန်ယူမှာအဓီကကစားသမားထက်ကို ပိုပါတယ် ဖာနန်ဒက်နဲ့ရက်ဖိုစ့်နှစ်ယောက်လုံးဟာပြိုင်ဘက်တိုင်းအတွက်အိပ်မက်ဆိုးပါလို့ ဆိုသွားပါတယ်။

Leave a Comment

Your email address will not be published.