မန်ယူက ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးကို ပြောလာတဲ့ PSG နည်းပြ တူချယ်

မန်ချက်စတာယူနိုက်တက်စ်ဟာ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် PSG ကို အိမ်ကွင်းမှာ လက်ခံကစားဖို့ရှိနေပါတယ်..

လက်ရှိခြေစွမ်းပိုင်းရော PSG ကစားသမားဟောင်း ကာဗာနီရဲ့ အကြောင်းကို ပါထည့်သွင်း ချီးကျူးသွားခဲ့ပါတယ်…

တူချယ်အနေနဲ့ ပီအက်စ်ဂျီရဲ့ဂိုးသွင်းစံချိန်ရှင်ဟောင်း အက်ဒီဆင်ကာဗန်နီနဲ့လည်း အိုးလ်ထရက်ဖို့ဒ် မှာ ပြန်လည်ဆုံတွေ့ရဖို့ရှိနေတာပါ။ “သူက ကွင်းထဲမှာဆိုရင် တည်ငြိမ်ပြီး အသင်းအတွက်ကူညီပေးဖို့အ သင့် ရှိတဲ့သူပါ။

အဲဒီလိုစိတ်ထားမျိုးက သူ့လိုအရည်အသွေးမြင့်တဲ့ တိုက်စစ်မှူးမျိုးတွေဆီမှာ တွေ့ရခဲပါတယ်။ အသင်းအတွက် ဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့ အဆင်သင့်ရှိတဲ့သူပေါ့။

သူ့ကို 24/7 အားကိုးလို့ရတယ်ဗျ။ ညပိုင်းသူ့ ကိုဖုန်းဆက်ပြီးသာ ခေါ်လိုက်။ ဂိုးသွင်းဖို့၊ ခံစစ်ကစားပေးဖို့ ရောက်လာလိမ့်မယ်”လို့ ဥရုဂွေးတိုက်စစ်မှူးအပေါ် ချီးကျူးခဲ့ပြန်ပါတယ်။

Tu Tu

Leave a Comment

Your email address will not be published.