ဟန်ဂေရီစူပါစတားကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူမယ့် အာဆင်နယ်ရဲ့ အစီအစဉ် ပျက်ရဖွယ်ရှိနေ

သြစတြီးယားထိပ်တန်းကလပ် ရက်ဒ်ဘူးလ်ဆလာ့ဘတ်ချ်မှာ အထူးခြေစွမ်းပြလျက်ရှိတဲ့ ဒိုမင်နစ်ခ် ဇိုဘော့စ်ဇလိုင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ရှစ်ဂိုးသွင်းပြီး ကိုးဂိုးဖန်တီးပေးထားကာ သူ့ကို အေစီမီလန်၊ တော့တင်ဟမ်၊ အသလက်တီကိုတို့နဲ့အပြိုင် အာဆင်နယ်ကလည်း ခေါ်ယူလိုနေတာပါ။

နည်းပြ အာတီတာ အနေနဲ့ သူ့အသင်းကို ဖန်တီးမှုစွမ်းရည်ပိုင်းတိုးမြှင့်လိုနေတာကြောင့် စာချုပ်ပါ ပြောင်းရွှေ့ထွက်ခွာကြေး ပေါင်(၂၂.၅) သန်းသတ်မှတ်ခံထားရသူ ကွင်းလယ်ဖန်တီးရှင်ကို အထူးပဲ လိုလားလျက်ရှိပါတယ်။

ဒါပေမယ့်လည်း Eurosport ရဲ့ဖော်ပြလာမှုအရ ဒိုမင်နစ်ခ်ဟာ မိခင်ကလပ် ရက်ဒ်ဘူးလ်ဆလာ့ ဘတ်ချ်နဲ့ မိတ်ဖက်အသင်းဖွဲ့ထားသော ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် RB Leipzig ဆီ ပြောင်းရွှေ့ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီတဲ့။

ဒိုမင်နစ်ခ်ကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က ဆန္ဒပြင်းပြနေပေမယ့်လည်း လာ မယ့် ၂၀၂၁ကျရင် သူဟာ ဘွန်ဒက်စ်လီဂါကို ရောက်ရှိသွားဖို့ကသာ အလေးသာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဟန် ဂေရီလက်ရွေးစင်ကို အေစီမီလန်က ခေါ်ယူချင်နေရာမှာ အခွင့်အရေးနဲ့ပတ်သက်ပြီး Milan News က ဖော်ပြခဲ့ရာမှာ Bildသတင်းစာ သတင်းထောက် ခရစ္စတီယန်ဖော့လ်ခ်က “ကျနော်နားလည်ထား သလိုဆိုရင် မီလန်ဟာ

အဲဒီကစားသမားလေးကို ခေါ်ယူဖို့ နောက်ကျသွားခဲ့ပါပြီ။ ရရှိထားတဲ့သတင်းတွေအ ရ သူဟာ RB Leipzig ဆီကိုပြောင်းရွှေ့တော့မှာပါ။ လာမယ့် ဆောင်းရာသီဈေးကွက်မှာတောင် ပြောင်းသွားနိုင် ပါတယ်”လို့ ပြောဆိုအတည်ပြုထားခဲ့ပါတယ

TuTu

Leave a Comment

Your email address will not be published.