4-4-2စိန်ပွင့်ပုံကစားကွက်နှင့်သာပွဲထွက်လာဖွယ်ရှိနေသည့်မန်ချက်စတာယူနိုက်တတ်

မန်ချက်စတာယူနိုက်တတ်အသင်းဟာ အိမ်ကွင်းမှာ ယနေ့ညယှဉ်ပြိုင်မယ့် PSGအသင်းနဲ့ပွဲစဉ်မှာမူလကစားနေကျ စိန်ပွင့်ပုံကွင်းလယ်ကစားကွက်နှင့်သာဆက်လက်ပွဲထွက်လာလိမ်ါမယ်လို့မန်ချက်စတာညနေခင်းသတင်းစာက သုံးသပ်ရေးသားလိုက်ပါတယ်။

တိုက်စစ်မှာတော့ ပြီးခဲ့တဲ့ပရီးမီါ်ယားလိဂ်ပွဲစဉ်မှာခြေစွမ်းပြကစားပြီးအသင်းကို ကယ်တင်ခဲ့တဲ့ ဥရုကွေးတိုက်စစ်မှူး ကာဗာနီအသင်းဟောင်းကိုပြန်ရင်ဆိုင်ဖို့ပွဲထွက်လာဖွယ်ရှိနေပြီးအဖျားဝေဒနာကြောင့်အသင်းပွဲစဉ်နဲ့ဝေးကွားခဲ့ရတဲ့မာရှယ်ကတော့အရန်ကစားသမားအဖြစ်သာ ပါရှိမယ်လို့ဆိုပါတယ်။

ကွင်းလယ်မှာတော့ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်တုန်းကအတိုင်းဘဲ ဖရက်၊မာတစ်၊ဖာနန်ဒက်နဲ့ဗန်ဒါဘိတို့ရှိနေမှာဖြစ်ပြီး။မာတစ်ရဲ့နေရာမှာတော့ ဒဏ်ရာကပြန်လာတဲ့တော်မီနေးလည်းဝင်ရောက်ကစားနိုင်ပါတယ်။ပေါ့ဘာကတော့ဆက်လက်လွဲချော်ဖွယ်ရှိနေပြီးအရန်ကစားသမားအဖြစ်သာရှိနိုင်ပါတယ်။

နောက်တန်းမှာတော့ ပုံမှန်ကစားနေကျကစားသမားတွေဖြစ်တဲ့တဲလ်၊မက်ဂွိုင်းယားနဲ့လင်ဒီလော့၊ဘစ်ဆာကာတို့လေးယောက်ပွဲထွက်မှာဖြစ်ပြီးတဲလ်ကတော့ဒဏ်ရာကနေပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဂိုးသမားနေရာမှာတော့ မန်ယူအသင်းရဲ့နံပါတ်တစ်ဂိုးသမားဒီဂီယာသာပွဲထွက်မယ်လို့မန်ချက်စတာညနေခင်းသတင်းကခန့်မှန်းပါတယ်။

Leave a Comment

Your email address will not be published.