ဂျီမီနက်ဇ်နဲ့တိုက်မိထားတဲ့ ဦးခေါင်းဒဏ်ရာမပျောက်သေးလို့ ရက်ပစ်ဗီယင်နာနဲ့ပွဲ ဒေးဗစ်လုဇ်လွဲပြီ

ဝုဖ်တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်နဲ့ ခေါင်းချင်းတိုက်မိရာကနေ ရရှိခဲ့တဲ့ဒဏ်ရာမသက်သာသေးသူ အာဆင်နယ်ခံစစ်မှူး ဒေးဗစ်လုဇ်ဟာ သြစတြီးယားကလပ် ရက်ဗစ်ဗီယင်နာနဲ့ပွဲကို သေချာပေါက်လွဲချော်ခဲ့ပြီ လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒေးဗစ်လုဇ်ဟာ ဂျီမီနက်ဇ်နဲ့ ခေါင်းချင်းတိုက်မိခဲ့လို့ ခေါင်းကွဲခဲ့ပေ မယ့် ပတ်တီးပတ်လျက် သွေးစက်လက်ကျနေတဲ့ အနေအထားမျိုးမှာ ဆက်လက်ကစားခဲ့မှုအပေါ် နည်းပြအဖွဲ့အနေ နဲ့ လူစားလဲခဲ့သင့်တယ်လို့ ဝေဖန်မှုတွေရှိနေခဲ့တာပါ။

ဒါပေမယ့်လည်း အာဆင်နယ်ဘက်ကတော့ ဒေးဗစ်လုဇ် ကို လူစားမလဲခင် ပတ်တီးပတ်ပြီး ဆက်ကစားစေခဲ့ရာမှာ လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာခဲ့တယ်လို့ ပြန် လည်ဖြေရှင်းထားခဲ့ပါတယ်။

အသင်းဆရာဝန်တွေဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေးဗစ်လုဇ်နေအိမ်ကို သွားရောက်ခဲ့သလို အင်္ဂါနေ့က အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းတဲ့အခါမှာလည်း အနီးကပ်စောင့်ကြည့်ခဲ့ကြပြီးတဲ့နောက် ရက်ဗစ်ဗီယင်နာနဲ့ပွဲ မှာ ဘယ်လိုနည်းနဲ့မှ ဝင်ကစားဖို့မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။

ဒေးဗစ်လုဇ်အနေနဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်နေဆဲဖြစ်ပေမယ့် သူ့ရဲ့ဦးခေါင်းကွဲဒဏ်ရာကို ခုနစ်ချက်အထိ ချုပ်ပေးခဲ့ရ ကာ သက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကစားမယ့် လူစာရင်းထဲကနေ ထုတ်ပယ် ခဲ့တာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.