ချန်ပီယံလိဂ်နောက်ဆုံးတိုက်ပွဲထွက် ပရီတ်သတ်ကို သတင်းစကားပါးလိုက်တဲ့မန်ယူကြယ်ပွင့်နှစ်ယောက်

မန်ချက်စတာယူနိုက်တတ်အသင်းဟာယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ချိန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာPSGအသင်းကို ၁-၃ရလာဒ်နဲ့ရှုံးနိမ့်ခဲ့မှုကြောင့်နောက်တဆင့်တတ်ရောက်နိုင်ရေးအတွက်အခက်အခဲနဲ့ရင်ဆိုင်လာရတော့မှာပါ။အဆိုပါPSGအသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်တိုက်စစ်မှူးမာရှယ်ရဲ့ ဂိုးပေါက်လွဲချော်မှုတွေကြောင့် ဦးဆောင်ဂိုးရနိုင်ခွင့်နဲ့လွဲချော်ခဲ့ရပြီး ကွင်းလယ်ကစားသမားဖရက်ထုတ်ပါယ်ခံရမှုနဲ့အတူ ဒုတိယပိုင်းပေးဂိုးတွေနဲ့ အခုလိုဂိုးပြန်ရှုံးနိမ့်ခဲ့ရတာပါ။

အခုဆိုရင်အဆိုပါအုပ်စုမှာ မန်ယူ၊လိုက်ဇစ်နဲ့PSGအသင်းတို့ဟာ ၉မှတ်စီတူညီနေပြီးဂိုးကွာခြားချက်အသာနဲ့မန်ယူအသင်းဟာလတ်တလောအုပ်စုကို ဦးဆောင်ထားနိုင်ဆဲဖြစ်ပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်တွေကနောက်တဆင့်တတ်ရောက်နိုင်ရေးအဆုံးဖြတ်ဖြစ်လာတော့မှာပါ။အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်PSGအသင်းကအုပ်စုအောက်ဆုံး အစ္စတန်ဘူလ်းအသင်းနဲ့ကစားရာမှာဖြစ်လို့ တောက်တဆင့်တတ်ရောက်ခွင့်အတွက်အခြေနေအကောင်းဆုံးဖြစ်နေပြီး။မန်ယူအသင်းကတော့ဂျာမန်ကလပ် လိုက်ဇစ်အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ လိုက်ဇစ်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ သရေတမှတ်ရရှိမှသာနောက်တဆင့်တတ်ရောက်ခွင့် သေချာမယ့်အနေထားရှိနေတာကြောင့် လတ်တလောခြေစွမ်းပြနေတဲ့ လိုက်ဇစ်အသင်းနဲ့အဝေးကွင်းပွဲစဉ်ကိုမန်ယူပရီတ်သတ်တွေစိုးရိမ်နေကြပါတယ်။မန်ယူအသင်းဟာ လိုက်ဇစ်အသင်းကိုပထမအကြော့အဖြစ် အင်္ဂလန်မှာယှဉ်ပြိုင်တုန်းကတော့ ၅-ဝရလာဒ်နဲ့အနိုင်ရရှိထားပါတယ်။

ပရီတ်သတ်တွေစိတ်ပူနေတဲ့အပေါ်မန်ယူအသင်းကြယ်ပွင့်တွေကလည်း လူမှုကွန်ယက်မှတဆင့် ပြန်လည်ဖြေရှင်းပေးနေကြပြီးမန်ယူကြယ်ပွင့် ဘရူနိုဖာနန်ဒက်ကသူ့ရဲ့တွစ်တာအကောင့်မှာလက်တွဲထားပါတယ်ကျွန်တေယ်တို့နောက်ဆုံးပွဲစဉ်ထိတိုက်ပွဲဝင်သွားမှာပါ။ကျွနတေ်ာတို့လုပ်နိုင်မှာပါလို့ရေးသားထားသလို

လူစားဝင်ကစားသမားအဖြစ်ဝင်ရောက်ကစားခဲ့ပြီးခြေစွမ်းပြခဲ့တဲ့ပေါ့ဘာကလည်းဒီနေ့ကတော့ကျွန်တော်တို့နေ့မဟုတိခဲ့ပါဘူးဒါပေမယ့်ထိပ်ဆုံးမှာရှိနေတုန်းပါ။လက်တွဲပြီးရှေ့ဆက်သွားမှာပါလို့ရေးသားထားပါတယ်။

Leave a Comment

Your email address will not be published.