ပွဲထွက်ခွင့်ရချင်နေတဲ့ဘရန်ဒန်ယီလီယံနယူးကာဆင်အသင်းသို့အငှားထွက်ကစားရန်ပြင်ဆင်

မန်ယူအသင်းရဲ့လူငယ်ခြေတတ်နောက်ခံကစားသမားဘရန်ဒန်ဝီလီယံဟာ အသင်းရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ အသင်းမှာပွဲထွက်ခွင့်အနည်းငယ်သာရရှိနေပြီးလူငယ်အသင်းမှာပြန်ကစားနေရတာကြောင့် ပျော်ရွှင်မှုမရှိဘူးလို့ပြောပြီးနောက်ပိုင်းမှာ နယူးကာဆယ်အသင်းကို လက်ကျန်ရာသီဝက်မှာအငှားနဲ့ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။

မန်ယူအသင်းကြီးအတွက်၃၆အထိပွဲထွက်ကစားခွင့်ရရှိထားတဲ့အသင်၂၀အရွယ်အင်္ဂလန်လူငယ်လေးဟာ အတွေ့အကြုံအတွက်ပုံမှန်ပွဲထွက်ခွင့်လိုအပ်နေပါပြီ။ပြီးခဲ့တဲ့နွေရာသီကအသင်းကိုဘရာဇီးနောက်ခံကစားသမားအဲလက်တဲလ်ပြောင်းရွေ့လာပြီးနောက်ပိုင်းမှာ ဝီလီယံဟာ အသင်းမှာပွဲထွက်ခွင့်ဆုံးရှုံးလာရတာပါ။

ဝီလီယံရဲ့မူလနေညာကညာနောက်ခံကစားသမားဖြစ်ပေမယ့်ဒဏ်ရာမကြာခဏရနေတဲ့ရှောကြောင့်အသင်းကြီးမှာဘယ်နောက်ခံကစားသမားအဖြစ်ပြောင်းလဲကစားခဲ့ရပြီးထိုနေရာမှာလည်းခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

နောက်ထပ်ဘယ်နောက်ခံကစားသမားတစ်ဦးဝယ်ယူအပြီးမှာလည်းနည်းပြဆိုးရှားကဝီလီယံကို မူလနေရာဖြစ်တဲ့ညာနောက်ခံကစားသမားအဖြစ်ပြန်လည်နေရာပေးခြင်းမရှိဘဲဘယ်ခြမ်းမှာဘဲ အရန်ကစားသမားအဖြစ်ဆက်လက်ထားရှိနေတာကို ကစားသမားကနားမလည်နိုင်ဖြစ်နေပုံရပါတယ်။

၂၀၂၄ထိမန်ယူအသင်းနဲ့စာချုပ်သက်တမ်ူ၇ှိနေတဲ့လူငယ်ကြယ်ပွင့်ကို မန်ယူအသင်းကလည်းအပြတ်ရောင်းချရန်လုံးဝမရှိဘဲကစားသမားဆန္ဒအရသာအငှားချသွားဖို့ရှိနေတာကြောင့် မန်ယူကစားသမားဟောင်စတိဘရုစ်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ နယူးကာဆယ်အသင်းဟာခေါ်.ယူနိုင်ဖို့အခွင့်အရေးအကောင်းဆုံးဖြစ်လာတာပါ။

ဘရုစ်ဟာ မန်ယူအသင်းကစားသမားဟောင်းဖြစ်သလိုလက်ရှိမန်ယူအသင်းနည်းပြဆိုးရှားအသင်းရဲ့အဓိကပဲ့ကိုင်ရှင်လို့ပြောလို့ရမယ်လက်ထောက်နည်းပြ မိုက်ဖီလန်တို့နဲ့အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် မန်ယူအကယ်ဒမီကြယ်ပွင့်အသင်းကသာတကယ်ထွက်မယ်ဆိုရင် နယူးကာဆယ်သို့သာရောက်ရှိမှာသေချာနေပါတယ်။

Leave a Comment

Your email address will not be published.