ဘာအကြောင်းနဲ့မှ မန်ယူကထွက်သွားဖို့မရှိဘူးလို့ ဗန်ဒါဘိအာမခံပြောကြား

စတာလင်ပေါင်(၃၉)သန်းနဲ့ မန်ယူကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် ပွဲထွက်ကစားခွင့်နည်းပါးနေတာ ကြောင့် မိမိမပျော်နိုင်ဖြစ်နေတယ်ဆိုတာ မဟုတ်ဘဲ မန်ယူကွင်းလယ်ဘယ်နေရာမှာမဆို ဝမ်းမြောက်ဝမ်းသာ ကစားသွားပါ့မယ်လို့ ဗန်ဒါဘိက ပြောလာခဲ့ပါပြီ။

အခုလိုအချိန်မှာဘဲ ကစားသမားတွေကို အောင်ဈေးလိုက်နှိုက်လေ့ရှိတဲ့ ဂျူဗင်တတ်အသင်းကလည်း ဗန်ဒါဘိကို ခေါ်ယူနိုင်ဖို့စောင့်ကြည်မှုတွေပြုလုပ်နေတယ်လိုအသံတွေထါက်လာချိန်မှာ ကစားသမားလေးက မန်ယူကဘာအကြောင်းနဲ့မှထွက်ဖို့မရှိဘူးလို့အာမခံလိုက်တာပါ။

(၂၃)နှစ်ရွယ်ကွင်းလယ်ကစားသမားအနေနဲ့ ဆောက်သမ်တန် ကို (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲကြမှ သူ့အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးအဖြစ် ပွဲထွက်ခွင့်ရခဲ့တာပါ။ ဗန်ဒါ ဘိဟာ လက်ရှိမှာ ခြေစွမ်းထက်နေတဲ့ ဘရူနိုဖာနန်ဒက်ဇ်၊ စကော့တောမီနေး၊ ဖရက်ဒ်၊ မာတစ်တို့လို ကွင်းလယ် ကစားသမားတွေနဲ့ နေရာရဖို့အပြိုင်ရုန်းကန်နေရလျက်ရှိနေပါတယ်။

ယခင်အေဂျက်ဇ်ကစားသမားဟောင်းက “စိတ်မပျက်ဘူးဗျာ။ နေ့တိုင်း ကျနော်ကြိုးစားနေပါတယ်။ အသင်းအတွက် မတူညီတဲ့အရာကို ကျနော်ပေးနိုင် မှန်း သိလို့ စိတ်ရှည်ရှည်ထားနေပါတယ်။ အခုကစားဖော်အသစ်တွေနဲ့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ လိုတယ်ဗျ။

အေဂျက်ဇ်မှာတုန်းကလည်း နေရာအစုံကစားခဲ့တာပဲ။ နံပါတ်(၈)နေရာ၊ နံပါတ်(၁၀) နေရာ..နောက်ဆုံး နံပါတ်(၆)နေရာတောင်ကစားဖူးတယ်။ ဆိုတော့ နေရာစုံမှာ ကစားရမှာကို အစိမ်းသက် သက်တော့ ဖြစ်မနေပါဘူး”လို့ ပြောခဲ့တာပါ။ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း ဗန်ဒါဘိ ဟာ ပွဲချိန်(၇၉)မိနစ်ရောက်မှ ကာဗန်နီနေရာမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ပါတယ်။

မန်ယူရဲ့မရှိမဖြစ်အနေအထားရရှိထားသူ ဘရူနိုဖာနန်ဒက်ဇ်ကလည်း အသင်းဖော်ဗန်ဒါဘိနဲ့ပတ် သက်ပြီး “ဒွန်နီ(ဗန်ဒါဘိ)က အရည်အချင်းအများကြီးရှိတဲ့သူ။ ကျနော်တို့အတူ ကစားလို့ရပါတယ်။ အားလုံး မှာ အရည်အသွေးတွေရှိကြတယ်။ ဖရက်ဒ်နဲ့ မာတစ်တို့ကလည်း အသင်းအတွက် အရေးကြီးတဲ့သူတွေပါ”လို့ မှတ် ချက်ပြုခဲ့ပါတယ်။

Leave a Comment

Your email address will not be published.