မာရှယ်ကြောင့် ချန်ပီယံလိဂ်အိမ်ကွင်း ဂိုးပြတ်ရှုံးနိမ့်မှု မှတ်တမ်းဆိုး မန်ယူဝင်ပြီ…..

မန်ချက်စတာယူနိုက်တက်ဟာ ယမန်နေ့ညက PSG အား ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် လက်ခံကစားခဲ့ပါတယ်..ပွဲအပြီးမှာ တယောက်လျော့နဲ့ ကစားခဲ့ရတဲ့အတွက် ၁-၃ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်….

မန်ချက်စတာယူနိုက်တက်ဟာ လူစုံထုတ်သုံးလာပေမယ့် ပထမတပိုင်းလုံးမှာ PSG ရဲ့ လျင်မြန်တဲ့ တိုက်စစ်ဖိအားပေးကစားမှုကို တောက်လျောက်ခံစားခဲ့ရပါတယ်…..

မန်ယူတိုက်စစ်မှာ ကာဗာနီ ရတ်ဖို့ မာရှယ် ဘရူနို တို့ တိုက်စစ်ဟာ ပထမပိုင်းမှာ ခြေစွမ်းမတည်နိုင်ပေမဲ့ ဒုတိယပိုင်းမှာ ဘရူနို ရတ်ဖို့စ် ကာဗာနီ တွဲလုံးတွေကနေ ရလာသော ဂိုးသွင်းခွင်းများကို မာရှယ်ဟာ အကြိမ်ကြိမ်ဖြုန်းတီးပစ်ခဲ့ပါတယ်..

မာရှယ်ကြောင့် မန်ယူဟာ ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၀ အတွင်း အဆိုးဆုံး အိမ်ကွင်းရှုံးပွဲကို ဖန်တီးလိုက်တဲ့ တရားခံဖြစ်သွားခဲ့ပြီဆိုတဲ့အကြောင်းကို NBC အားကစားကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်….

မာရှယ်နဲ့အတူ နည်းပြဆိုးရှားကလည်း လူထုတ်ပုံမှားယွင်းမှုများကြောင့် မန်ယူပရိတ်သတ်များရဲ့ အမျက်ဒေါသကို ရင်ဆိုင်နေရကြောင်းကိုလည်း ဖော်ပြသွားခဲ့ပါတယ်…

Source Form NBC

Leave a Comment

Your email address will not be published.