ဂိုးပြတ်အရှုံးအတွက် မာရှယ်ရဲ့အသုံးမကျမှုတွေကို စုစည်းပြီးဝေဖန်လိုက်ကြတဲ့မန်ယူဂန္ဓဝင်ကစားသမားတွေ

မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားတွေဖြစ်တဲ့ဖာဒီနန်နဲ့ ပေါလ်စခိုးတို့ဟာယမန်နေ့ညကချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာဂိုးပြတ်ရှုံးခဲ့တဲ့ အကြောင်းအရာနဲ့ပါတ်သတ်ပြီး တိုက်စစ်မှူးမာရှယ်ရဲ့ အပိုင်အခွင့်အရေးတွေလွဲချော်မှုတွေကြောင့် လို့ဝိုင်းဝန်းအပြစ်တင်လိုက်ပါတယ်။ အခုလိုအရှုံးပွဲကြုံခဲ့တာကြောင့် မန်ယူအနေနဲ့ RB Leipzig ကို ရင်ဆိုင်ရတဲ့ ပွဲမှာ ထပ်မံရှုံးနိမ့်လို့ မဖြစ်တော့တဲ့ အနေအထားရှိနေပါပြီ။

မာရှယ်ရဲ့လွဲချော်မှုတွေအပေါ် မန်ယူကွင်းလယ်ကနေ ဂိုးအများအပြားသွင်းခဲ့ဖူးသူ ပေါလ်စခိုးက “ယူနိုက်တက်က အခွင့်အရေးတွေ လွဲခဲ့လို့ ပေးဆပ်လိုက်ရတာဗျ။ မာရှယ်ရဲ့အလွဲတွေလည်း ပါတာပေါ့။ ခုချိန်မှာ သူက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ ရုန်းကန်နေရတာ။ သူဂိုးလည်း မသွင်းနိုင်ဘူး။ သူဂိုးသွင်းနိုင် ခဲ့သင့်တယ်ဆိုတာ သူ့ဘာသာသိပါတယ်။ ပြောစရာမလိုပါဘူး”လို့ သုံးသပ်ဝေဖန်ခဲ့ပါတယ်။

မန်ယူခံစစ် မှူးဟောင်း ရီယိုဖာဒီနန်ကလည်း “မာရှယ်ရဲ့ဂိုးသွင်းခွင့်တွေကို ယူနိုက်တက်အတွက် အချိန်ကောင်းတွေ မှာရခဲ့တာဗျာ။ အခွင့်အရေးတွေထဲက တစ်ခုလောက် အသုံးချနိုင်ခဲ့ရင်တောင် အပြောင်းအလဲဖြစ်သွားခဲ့မှာ” လို့ထောက်ပြခဲ့ပြန်ပါတယ်။

ယမန်နေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာ ဧည့်သည်အသင်းအတွက် ပွဲအစခြောက်မိနစ်မှာပဲ နေမာက အဖွင့်ဂိုးသွင်းယူသွားခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်က ပွဲချိန်(၃၂)မိနစ်မှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ သောမတ်စ်တူချယ်ရဲ့အသင်းအတွက် မာကွင်ဟို(၆၉)မိနစ်၊ နေမာ(၉၁)မိနစ်တို့ရဲ့သွင်းဂိုးတွေကြောင့် (၁-၃)ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


အဆိုပါRB Leipzigနဲ့ပွဲစဉ်မှာ ယင်းအသင်းရဲ့အဓိကနောက်ခံကစားသမား အူပါမီကာနိုပွဲပါယ်ပြစ်းဏ်ကြောင့် လွဲချော်မှာဖြစ်သလို မန်ယူအသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ဖရက်ကလည်းပွဲပါယ်ပြစ်ဒဏ်ကြောင့်လွဲချော်မှာပါ

Leave a Comment

Your email address will not be published.