ချန်ပီယံလိဒ်ပွဲစဉ်မှာ သရေကျရုံနဲ့ နောက်တစ်ဆင့်တက်ရမဲ့ အခြေအနေတစ်ခုကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် နောက်ဆုံးပွဲအထိ တိုက်ပွဲဝင်ရတော့မဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား တစ်ယောက်က လက်ရှိရာထူးနဲ့ ထိုက်တန်မှု မရှိတဲ့သူလို့ ဝေဖန်ခံလိုက်ရပါပြီ။

အဲဒီလို ဝေဖန်လိုက်တာကတော့ ပရီးမီးယားလိဒ်ကလပ်အသင်းဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ်ပိုင်ရှင်ဟောင်းဖြစ် သူ ဆိုင်မွန်ဂျော်ဒန်ကပါ။ သူ့ခေတ်အခါ တုန်းက ပဲလေ့အသင်းကို ပရီးမီးယားလိဒ်ကိုရောက်အောင် ဆွဲတင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဂျော်ဒန်က”ကျနော်ဆိုရင်တော့ ဆိုးလ်ရှားကို နံပတ်တစ်နေရာ ပေးမှာမဟုတ်ပါဘူး။ သူက နံပတ်တစ်နည်းပြ ရာထူးနဲ့ မထိုက်တန်ပါဘူး။ သာမာန် အဆင့်ပဲရှိသူတစ်ယောက်ပါ။ မန်ချက်စတာဆိုတာက သာမာန်အဆင့်နည်း ပြလောက်နဲ့ ကျေနပ်လို့ မသင့်တော်တဲ့ အသင်းကြီးပါ။ သူတို့အသင်းအနေနဲ့က နောက်တစ်ဆင့်ကို ပို့ဆောင် ပေးနိုင်မဲ့ နည်းပြမျိုးကို လိုအပ်တာပါ။” ဆိုပြီး ပြောခဲ့တာပါ။

နောက်ထပ်လည်း “သူရောက်နေတာ ၂ မိနစ်၊ ပွဲပေါင်း ၂၀ လောက်တောင်မဟုတ်တော့ပါဘူး။ ၂ နှစ်ရှိနေပါပြီ။ လမ်းကြောင်းမှန်ပေါ်ကို မတက်နိုင်ဘဲ ဘေးကိုပဲ ဆင်းနေတဲ့ နည်းပြတစ်ယောက်ကို အသင်းအနေနဲ့ ပြန်စဉ်းစား သင့်နေပါပြီ” လို့ ပြောထားပါသေးတယ်။

အနီးစပ်ဆုံးအနေနဲ့ ချန်ပီယံလိဒ်မှာ သရေကျရုံနဲ့ နောက်တစ်ဆင့်တက်နိုင်တဲ့အနေအထားမျိုးမှာ အခုတော့ နောက်ဆုံးပွဲစဉ်အထိကို အကြိတ်အနယ်ကန်ပြီးမှသာ နောက်တစ်ဆင့် တက်ရေး မတက်ရေး သိရတော့မှာပါ။ အဓိက ပြောရမှာက အုပ်စုမှာ အင်အားအနည်းဆုံးဆိုတဲ့ အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့မှုက မလိုအပ်ဘဲ အမှတ်တွေကို ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

PSG နဲ့ အိမ်ကွင်းပွဲစဉ်မှာဆိုရင် လဲရမဲ့ လူတွေကို မလဲခဲ့တာ၊ မလဲသင့်ဘဲ ခြေစွမ်းပြနေတဲ့သူတွေကို လူစားလဲ ခဲ့တာတွေက နည်းပြ ဆိုးလ်ရှားရဲ့ အားနည်းချက်တွေကို မြင်တွေ့ခဲ့ကြရတာပါပဲ။

အမှတ်ပေးဇယားမှာလည်း အသင်းကြီးတွေလို့ ပြောလို့ရတဲ့ မန်စီးတီးတို့ လီဗာပူးတို့ ခြေချော်နေတဲ့ အချိန်မျိုးမှာ တောင် အဆင့် ၉ နေရာပဲ ရယူထားနိုင်ပုံက စိတ်ပျက်စရာတစ်ခုပါပဲ။

အသင်းပရိသတ်တွေအနေနဲ့က နည်းပြအပြောင်းအလဲ ပြုလုပ်စေချင်ပေမယ့်လည်း အက်ဝုဒ်ရဲ့ ငွေကြေးသုံးစွဲမှု ချွေတာတဲ့ပေါ် လိုက်လျောတဲ့ ဆိုးလ်ရှားကိုသာ ဆက်ထားမဲ့အနေအထားက ပရိသတ်သက်တွေကို အခက်တွေ့ နေစေပါတယ်။

လောင်းကစားဒိုင်တွေကလည်း ပိုချက်တီနို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်လာ မဖြစ်လာဆိုတဲ့ လောင်းကြေးတွေကို ပြန်ဖွင့်လာတာကလည်း မန်ချက်စတာမှာ နည်းပြအပြောင်းအလဲ ဖြစ်လာနိုင်မလားဆိုတဲ့ စောင့်ကြည့်မှုတွေ ပိုမိုဖြစ်စေခဲ့တာပါ။

Leave a Comment

Your email address will not be published.