မန်ယူကိုနောက်ကွယ်ကဖာဂူဆန်ကိုင်တွယ်နေကြောင်းဆိုးရှားဝန်ခံ

မန်ယူအသင်းဟာပြီးခဲ့ပြီးပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ဆောက်သမ်တမ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာမှာပထမပိုင်းမှာအခြေနေဆိုးနေခဲ့ပြီး ၂ဂိုးပြတ်အရေးနိမ့်နေခဲ့တာပါ။အဆိုပါပွဲစဉ်မှာ မန်ယူအသင်းပြန်မလာနိုင်တော့ဘူးလို့အားလုံးထင်မှတ်နေချိန်မှာဘဲ မန်ယူအသင်းဟာ လူစားပြောင်းလဲမှုပြုလုပ်ပြီးချေပဂိုးများနဲ့အနိုင်ဂိုးပါသွင်းယူကာ အနိုင်ရရှိခဲ့တာပါ။

မန်ယူအသင်းပထမပိုင်းမှာ၂ဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ အဝတ်လဲခန်းအတွင်းမှာ မန်ယူအသင်းရဲ့ဂန္ဓဝင်နည်းပြကြီးဖာဂူဆန်ကတပည့့်ဖြစ်သူ လက်ရှိနည်းပြ ဆိုးရှားကိုအသင်းရဲ့နည်းစနစ်ပြောင်းလဲဖို့နဲ့တိုက်စစ်လူစားလဲဖို့မှာကြားခဲ့တယ်လို့ဆိုးရှားကိုယ်တိုင်ဝန်ခံပြောကြားလိုက်တာပါ။

ဆိုးရှားက သူ့အပေါ်ဖာဂူဆန်ရဲ့လွှမ်းမိုးမှုတွေခုချိန်ထိရှိနေသေးကြောင်းပြောကြားခဲ့ပြီးလက်ရှိမန်ယူရဲ့နည်းစနစ်ပိုင်းတော်တော်များများမှာ ဖာဂူဆန်ရဲ့အကြံပေးချက်များအတိုင်းသာလှုပ်ရှားနေကြောင်းပြောကြားခဲ့သလိုပွဲချိန်အတွင်းလူစားလဲမှုများအထိဖာဂူဆန်ထံမှအကြံညဏ်လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်နေဆဲသာဖြစ်ကြောင်းဆိုးရှားကဝန်ခံလိုက်ပါတယ်။

ဒါ့အပြင်ဆိုးရှားက ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်ဒုတိယပိုင်းမှာတိုက်စစ်မှူး ကာဗာနီကို လူစားထိုးဝင်ရောက်ကစားစေဖို့ပထမပိုင်းအပြီးအဝတ်လဲခန်းအတွင်းမှာ ဖာဂူဆန်က အကြံပြုချက်ပေးခဲ့ကြောင်းနဲ့ ကာဗာနီထံသို့ဖြတ်တင်ဘောများတတ်နိုင်သမျှများများပေးပို့ရန် အခြားကစားသမားများကိုညွှန်ကြားရန် အကြံပေးခဲ့ကြောင်း မီဒီယားများထံမှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

အခုဆိုရင်တော့ ပရီတ်သတ်တွေအားလုံးထင်နေတဲ့အတိုင်းဘဲ မန်ယူအသင်းရဲ့နောက်ကွယ်မှာ ဖာဂူဆန်ဆက်လက်ရှိနေတာထင်ရှားလာနေပြီး မန်ယူအသင်းအနေနဲ့ လည်းအခြားနာမည်ကြီးနည်းပြ တွေခေါ်ယူတာထက် ဖာဂူဆန်နဲ့ အဆင်ပြေမယ့် နည်းပြမျိုးကသာအသင်းမှာရေရှည် အလုပ်ရနိုင်ဖွယ်ရှိကြောင်း ထင်ရှားလာပါတယ်။

အခုလိုထုတ်ဖေါ်ပြောဆိုမှုကြောင့် Ole Out ဆိုသည့်တောင်းဆိုချက်များသိသိသာသာ လျှော့နည်းသွားဖွယ်ရှိနေပြီး အသင်းကို အမှန်တကယ်ကိုင်တွယ်နေသူမှာလည်းဖာဂူဆန်ရဲ့လက်ထောက်နည်းပြတစ်ဦးဖြစ်တဲ့မိုက်ဖီလန်သာဖြစ်ပြီးနည်းပြဆိုးရှားမှာ ဟန်ဘာကာတစ်ခုသဖွယ် အထက်နှင့်အောက်ညှပ်ခံထားရကြောင်းThe Sunကဥပမာပေးရေးသားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.