မန်ယူပရိတ်သတ်များပွဲထွက်ကစားသမားရွေးချယ်သောစစ်တမ်းတွင်မာရှယ်အခြေနေဆိုး

လာမယ့်စနေန့ညမှာ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ဝက်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဘယ်တိုက်စစ်အတွဲက မန်ယူအသင်းအတွက်အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို မန်ချက်စတာညနေခင်းသတင်းစာကစစ်တမ်းကောက်ယူခဲ့ရာမှာတိုက်စစ်မှူးမာရှယ်ပါဝင်တဲ့ အတွဲအဖတ်ကရလာဒ်အလွန်ဆိုးရွားခဲ့ပါတယ်။

မန်ယူပရီတ်သတ်တွေဟာ အခုဘောလုံးရာသီမှာ ပွဲစဉ်တော်တော်များများမှာ မာရှယ်ရဲ့လွဲချော်မှုတွေကို စိတ်ပျက်နေကြပြီးအထူးသဖြင့်PSGအသင်းနဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းရရှိခဲ့တဲ့အပိုင်အခွင့်အရေးတွေကို မာရှယ်လွဲချော်ခဲ့တာကို အလွန်စိတ်ပျက်ခဲ့ကြောင်းအဆိုပါစစ်တမ်းမှာဖေါ်ပြနေပါတယ်။

မန်ယူပရိတသတ်တွေကမာရှယ်ကိုအသင်းရဲ့တိုက်စစ်မှာ တွေ့မြင်နေရမယ့်အချိန်တွေအကြာတော့ဘူးထင်နေကြပြီးယမန်မှစ်ဘောလုံးရာသီက ၂၃ဂိုးသွင်းယူခဲ့ပြီး၁၂ဂိုးဖန်တီးပေးခဲ့ဲ့တဲ့တိုက်စစ်မှူးရဲ့ကျဆုံးသွားမှုကတော့အ့ံ့ဩစရာဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာက ပရီတ်သတ်၃၃၁၉ဦးကို ဆန္ဒကောက်ခံခဲ့ရာကာဗာနီ၊ရက်ဖိုစ့်၊ဂရင်းဝုဒ်တို့သုံးယောက်တွဲတိုက်စစ်က၅၈.၅ရာခိုင်နှုန်းနဲ့ထိပ်ဆုံးမှာရပ်တည်ခဲ့ပြီး၊မာရှယ်၊ရက်ဖိုစ့်နဲှ့ဂရင်းဝုဒ်တို့ရဲ့ ယမန်နှစ်ကတိုက်စစ်အတွဲကတော့ ၂.၆ရာခိုင်နှန်းနဲ့လူကြိုက်အနည်းဆုံးဖြစ်ခဲ့ရပါပြီး။ကာဗာနီနဲ့မာရျယ် ရက်ဖိုစ့်တို့သုံးယောက်တွဲတိုက်စစ်ကတော့ ၃၅ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေပါတယ်။

ဒီအချက်အလက်တွေအရ မန်ယူအသင်းတိုက်စစ်မှာ ဥရုကွေးတိုက်စစ်မှူးကာဗာနီက မဖြစ်မနေပွဲထွက်ခွင့်ပေးသင့်ကြောင်း ပရီတ်သတ်တွေက နည်းပြဆိုးရှားကိုဖိအားပေးနေပြီဆိုတာထင်ရှားနေပြီးမာရှယ်ကို တော့အရန်ခုံမှာသာ ထားရှိရန်ပရိတ်သတ်တွေကဆန္ဒပြုနေကြောင်းဖေါ်ပြလိုက်ရပါတယ်။

Leave a Comment

Your email address will not be published.