လူမျိုးရေးခွဲခြားသည့်အသုံးအနှုန်းအတွက်ကာဗာနီကို အရေးယူရန်FAပြင်ဆင်

မန်ချက်စတာယူနိုက်တတ်အသင်းမှ ဥရုကွေးတိုက်စစ်မှူး ကာဗာနီဟာယခင်တပါတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာလူစားဝင်ရောက်ကစားကာအသင်းအတွက် အဖိုးတန်ခြေပဂိုးအနိင်ဂိုးများသွင်းယူပေးခဲ့သလိုအသင်းဖေါ်ဖာနန်ဒက်ဂိုးသွင်းခွင့်ရရှိအောင်လည်းဖန်တီးပေးခဲ့ကာအသင်းကို အရှုံးမှ အနိုင်သို့ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေကောကစားသမားတွေကပါဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်

အဆိုပါလုပ်ဆောင်နိုင်မှုကြောင့် ကာလူမှုကွန်ယက်မှာ သူငယ်ချင်းတွေနဲ့စနောက်ရင်းလူမျိုးရေးခွဲခြားမှုဆန်သည့် Postတစ်ခုကိုသူငယ်ချင်းများနဲ့စနောက်ရင်းတင်ခဲ့မိပါတယ်။အဆိုပါပိုစ့်ကို ဝေဖန်မှုအချို့ရှိလာလို့ကာဗာနီက ချက်ခြင်းပြန်လည်ဖြုတ်ချခဲ့ပေမယ့် ပျံ့နှံ့မှုက မီးလိုမြန်ခဲ့လို့အခုတော့ကာဗာနီကို စုံစမ်းစစ်ဆေးပြီးဖြေရှင်းချက်တောင်းခံလိုက်ပါတယ်။

ကာဗာနီက Gracias negritoကျေးဇူးဘဲငမည်းလေးရေလို့ပြန်လည်ရေးသားမှုဟာ လူမျိုးရေးခွဲခြားရာရောက်နေလို့FAတာဝန်ရှိသူတွေက ရင်းအသုံးအနှုန်းအတွက်ကာဗာနီကိုဖြေရှင်းချက်တောင်းလိုက်တာပါ။

၂၀၁၁ခုနှစ်အတွင်းကဥရုကွေးတိုက်စစ်မှူးဆွာရ၇်ဇ်ဟာ လီပါပူလ်း-မန်ယူအသင်းပွဲစဉ်မှာ မန်ယူနောက်ခံလူ အီဗရာကို Negroလို့သုံးနှုန်းခဲ့လို့၈ပွဲပါယ်ပြစ်ဒဏ်ကျခံခဲ့ဘူးပါတယ်။

Leave a Comment

Your email address will not be published.