PSG ပွဲအပြီးတွင် မန်ယူ နောက်တန်း ဗဟိုခံစစ်မှူးနေရာတွင် လိုအပ်နေဆဲဟု ကားရစ်ပြော

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ PSG အား ချန်ပီယံလိဂ် ပွဲစဉ်အားလက်ခံကစားခဲ့ရာမှာ အဖက်ဖက်မှအားနည်းမှုများဖြင့် ၁ – ၃ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ တိုက်စစ်ပိုင်း ကောင်းခဲ့သော်လည်း အဆုံးသတ်သေချာမှု အားနည်းပြီး နောက်တန်းခံစစ်မှူးများနေရာယူမှုအားနည်းမှုများကြောင့်လည်း ဒီပွဲကို နိုင်ပွဲအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး…

မန်ယူလက်ထောက်နည်းပြ ဂန္တဝင်ကစားသမားကြီး မိုက်ကယ်ကားရစ်က ဒီပွဲမှာ အဓိက ရှုံးနိမ့်ရတဲ့အချက်တွေကို ပြောရင် တော့ ကျနော်သုံးချက်ဘဲပြောချင်ပါတယ်…အဲ့ဒါကလည်း ပွဲထဲမှာ ကျနော် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး အမှားအယွင်းတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေပါ…..

ပထမတချက်က ဖရက်ကို ထုတ်ခံရဖို့ PSG အသင်းဟာ Professional မဆန်စွာ ဒိုင်ကိုဖိအားပေးရာမှာ မလိုအပ်တဲ့အမှားအယွင်းတခုဖြစ်ပြီး ဖရက်ဟာ နှစ်ဝါတနီနဲ့ ထုတ်ခံလိုက်ရပါတယ်….ဒီလို ကွင်းလယ်က အဓိကကစားသမား ထုတ်ခံရတဲ့ ခံစားမှုမျိုးကျနော်တို့လည်းခံစားခဲ့ရဖူးတယ်…..

ဒုတိယတချက်ကတော့ မာရှယ်ဟာ ကြံခိုင်မှုမပြည့်ဝရာကနေ တိုက်စစ်လိုအပ်ချက်အတွက် ကျနော်တို့ထည့်သွင်းကစားစေခဲ့ပါတယ်…ဒါပေမဲ့ အကောင်းဆုံး ဂိုးဖန်တီးပေးမှုတွေကို သူသေချာ အသုံးမချိနိုင်ခဲ့ဘူး…ဒါကလည်း တိုက်စစ်မှူးတိုင်းဖြစ်တတ်ပါတယ်….ဒီလိုပွဲမျိုးတွေလည်း ကျနော်တို့ ပွဲပေါင်း များစွာဖြတ်သန်းဖူးပါတယ်…ရုန်းထဖို့ဘဲလိုတာပါ…..

နောက်ဆုံးတချက်ကတော့ ဗဟိုခံစစ်မှူးတွေဟာ နေရာယူမှန်မှု အားနည်းနေဆဲပါ …….ဒီနေရာကို အစားထိုးဖို့လည်းကျနော်တို့မှာ လူမရှိဘူးဖြစ်နေပါတယ်…..အိုလေကတော့ Game Plan ချိန်းခဲ့ပေးမယ့် ဒီပွဲမှာအလုပ်မဖြစ်ခဲ့ပါဘူး….ကျနော်တို့ ခံစစ်မှူးတွေဟာ တဖက်အသင်းရဲ့ တိုက်စစ်မှူးတွေကို သေချာ မထိန်းချုပ်နိုင်ခဲ့ဘူး

တောင်ပံတွေကနေတာ့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်…လိုအပ်ချက်များစွာတော့ ရှိနေဆဲလို့ဘဲပြောချင်ပါတယ်ဆိုပြီး Sport Tibble News မှာ ပြောသွားခဲ့ပါတယ်….

Leave a Comment

Your email address will not be published.