ဆိုးရှားယုံကြည်မှုမရှိတဲ့ မန်ယူပထမကစားသမားနှစ်ဦးအကြောင်းဖွင့်ချလိုက်တဲ့ အိုဝင်ဟားဂရေ်

မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရေ့်ကလက်ရှိမန်ယူအသင်းရဲ့ ပထမကစားသမားဆယ်တစ်ဦးမှာနည်းပြဆိုးရှားယုံကြည်မှုနည်းနေတဲ့ကစားသမားနှစ်ဦးရှိတယ်လို့ထောက်ပြပြောဆိုလိုက်ပါတယ်။အဲ့ဒိကစားသမားနှစ်ဦးကတော့မန်ယူအသင်းရဲ့ဗဟိုခံစစ်အတွဲဖြစ်တဲ့ လင်ဒီလော့နဲ့မက်ဂွိုင်းယားတို့ဘဲဖြစ်ကြောင်းBT Sportနဲ့အင်တာဗျူးမှာထုတ်ဖေါ်လိုက်ပါတယ်။

မန်ယူအသင်းရဲ့ဗဟိုခံစစ်အတွဲကို နည်းပြမယုံကြည်တဲ့အတွက် အရေးကြီးပွဲစဉ်တွေမှာ ဖန်တီးမှုအားကောင်းတဲ့ ပေါ့ဘာ၊ဗန်ဒါဘိနဲ့ လက်ရှိမန်ယူရဲ့အကောင်းဆုံးကစားသမား ဖာနန်ဒက်တို့ကိုတွဲဖက် မကားစေခိုင်းရဲဘဲလုပ်အားနှုန်းကောင်းမွန်လှတဲ့ တော်မီနေနဲ့ ဖရက်တို့ကိုသာအဓိက အားကိုးနေရတာကို ထောက်ပြခဲ့တာပါ။ဟားဂရရေ်က ဆိုးရှားအနေနဲ့ တိုက်စစ်ကောင်းမွန်တဲ့ အသင်းတွေနဲ့တွေ့ရင်မန်ယူဗဟိုနောက်ခံလူတွေကို စိတ်မချတာအမှန်ပါ။မန်ယူ-စပါး၁-၆ပွဲစဉ်မှာ ဘာတွေဖြစ်ခဲ့လဲအားလုံးအမြင်ပါ။

တဘက်အားကောင်းတဲ့အသင်းပွဲစဉ်တွေမှာ အိုလေးအနေနဲ့ အသ်းရဲ့ခံစစ်ကို လုံခြုံစေဖို့ လုပ်အားနှုန်းကို အဓိကစဉ်းစားနေရပြီး ဗဟိုနောက်ခံကစားသမားနှစ်ဦါ်ကို အကာအကွယ် ပေးဖို့ ခံစစ်မျဉ်းကို ကွင်းလယ်ထိရွှေ့ကစားနေရပါတယ်။အဲ့ဒိအကျိုးဆက်ကတော့ အသင်းရဲ့ဖန်တီးအားကော်းမွန်တဲ့ကွင်းလည်ကစားသမားတွေနေရာပျောက်ဖို့ရှိလာတာပါ။မန်ယူရဲ့အဓိကပြသနာက ဗဟိုနောက်ခံအတွဲဖြစ်နေတာပါ။

ဆိုးရှားကအခုနောက်တန်း၆ယောက်ပုံစံနဲ့ကစားနေရပြီး တိုက်စစ် လိုက်ပါနိုင်မှုမှာ အားနည်းနေတာပါ။အသင်းရဲ့အခုပုံစံကိုပြင်နိုင်ဖို့ကလည်းမလွယ်သေးပါဘူး။ပေါ့ဘာရဲ့အကောင်းဆုံးနေရာကဘယ်မှာလည်းဆိုတာကလည်းအဖြေရှာရဦးမှာပါ။

ဗန်ဒါဘိကတော့ ဘောလုံးကစားရာမှာအလွန်စမတ်ကျပြီးတစ်ကိုယ်ကောင်းမဆန်သူပါ.အသင်းအတွက်အလွန်အကျိုးပြုလာမယ့်ကစားသမားဖြစ်နေပြီးဖာနန်ဒက်ကတော့ မန်ယူသမိုင်းတလျှောက်အကောင်းဆုံးကစားသမားခေါ်ယူမှုထဲမှာတောင်ပါဝင်နေနိုင်ပါတယ်လို့ပြောသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.