ဒီဂီယာဟာ ထိတ်တန်းအဆင့်ကာကွယ်မှုတွေကိုပြုလုပ်နေတဲ့တပြိုင်နက်မှာ လွယ်ကူတဲ့ဂိုးတွေလည်းပေးနေရတယ်လို့ဝေဖန်လိုက်တဲ့ ဘားသက်ဇ်

မန်ယူအသင်းရဲ့အရန်ဂိုးသမားဟန်ဒါဆန်ကို အခွင့်အရေးပေးသင့်တဲ့အချိန်ကိုရောက်နေပြီဖြစ်ကြောင်း တချိန်ကမန်ယူအသင်းရဲ့ဂိုးသမားဖြစ်ခဲ့ဘူးတဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ဘားသက်က ပြင်သစ်မီဒီယာတခုမှာပြောကြားလိုက်တာပါ။

မီဒီယာတွေရှေ့ကိုသိပ်ထွက်လာလေ့မရှိတဲ့အဆိုပါကစားသမားဟောင်းကြီးဟာ လက်တလော ကာလတွေမှာကျဆင်းနေတဲ့ အသင်းဟောင်းရဲ့ပုံရိပ်နဲ့ပါတ်သတ်ပြီး ဘာမှသိပ်ပြောကြားလိုခြင်းမရှိခဲ့ သူ့ရဲ့အသင်းဖေါ်ဟောင်းလက်ရှိမန်ယူနည်းပြကြီးကို အသင်းရဲ့အရန်ဂိုးသမားဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမားလေးကိုသာပွဲထွက်ခွင့် ပေးဖို့ပြောကြားလိုက်ပါတယ်။

လက်ရှိအခြေနေမှာ မန်ယူရဲ့နံပါတ်တစ်ဂိုးသမားဖြစ်နေတဲ့ ဒီဂီဟာဟာစိတ်ပိုင်းဆိုင်ရာ အာရ့ုစုစည်းမှု့အနည်းငယ်နိမ့်ကျနေတဲ့ပုံစံရှိနေကြောင်းထောက်ပြခဲ့ပြီး။ဒီဂီယာဟာ ထိတ်တန်းအဆင့်ကာကွယ်မှုတွေကိုပြုလုပ်နေတဲ့တပြိုင်နက်မှာ လွယ်ကူတဲ့ဂိုးတွေလည်းပေးနေရတယ်လို့ဝေဖန်ပါတယ်။


အခြားအချက်တွေကို တော့ထောက်ပြပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီးအသင်းဟောင်းပရိတ်သတ်တွေရဲ့ငြိုငြင်မှုကိုရှောင်လွဲလိုဟန်ရှိနေတဲ့ဂိုးသမားကြီးဟာ မန်ယူအသင်းရဲ့လက်ရှိလူစာရင်းဟာတောင့်တင်းမှုရှိနေကြောင်းနဲ့ အသင်းရဲ့တချို့ကစားသမားတွေဘာကြောင့် ခုချိန်ထိကစားခွင့်မရသေးတာလည်းသူနားမလည်ဘူးလို့ပြောသွားပါသေးတယ်။

Leave a Comment

Your email address will not be published.