မန်ယူ ရုန်းကန်နေရပေမယ့် ပရီးမီးယားလိဂ်ဖလား ရနိုင်သေးတယ်လို့ ဆိုးလ်ရှားယုံကြည်

လက်ရှိအချိန်မှာ ရလဒ်တွေ နိမ့်ပါးနေတာကြောင့် အမှတ်ပေးဇယားရပ်တည်မှု မမြင့်မားနိုင်ဖြစ်လျက်ရှိ ကာ ဝေဖန်မှုတွေခံရလျက်ရှိတဲ့ မန်ယူနည်းပြ အိုလေဂန်နာဆိုးလ်ရှားက မိမိအလုပ်ဟာ ထင်သလောက်ဖိအားမ ရှိလှဘဲ ဒီနှစ်ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဆုဖလားကို ဆုပ်ကိုင်နိုင်စွမ်းရှိသေးတယ်လို့ ပြောလိုက်ပါပြီ။

မန်ယူဟာ အဆင့်(၉)နေရာမှာ ရပ်တည်နေရပေမယ့် အပေါ်မှာရှိနေတဲ့အသင်းတွေထက် တစ်ပွဲလျော့ကစား ထားတဲ့အတွက် အခွင့်အရေးရှိနေကာ ဝက်စ်ဟမ်းကို ဒီနေ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးလေးသင်းနေရာဆီ ရောက်ရှိနိုင်မယ့် အလားအလာရှိနေတာ ဖြစ်ပါတယ်။

“ကျနော့အလုပ်က ထူးခြားတယ်ဗျ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်ဆိုတော့ တခြားအသင်းတွေနဲ့ ကိုမတူပါဘူး။ ပရိသတ်တွေရဲ့ခံစားချက်တွေကနေ ဖြစ်လာတဲ့ဖိအားတွေ၊ အသင်းရဲ့သမိုင်းကြောင်း၊ အောင် မြင်မှု၊ အောင်ပွဲဆာလောင်မှု၊ တောင်းဆိုမှု၊ ကျနော်တို့ အရင်က ရယူထားတဲ့ အဆင့်အတန်း အဲဒါတွေကိုနည်း နည်းလေးမှ ပြောင်းလဲမသွားစေချင်တာ အမှန်ပဲ။

ပရိသတ်တွေ အများကြီးရှိတယ်ဆိုတဲ့အချက်က ကံကောင်း မှုလို့ ပြောရမယ်။ သူတို့ပေးမယ့် ဖိအားတွေကို နှစ်သက်ရင်နှစ်သက် ဒါမှမဟုတ် တောင့်ခံဖို့ပဲလိုတာ။ ကစားသ မားတွေအဖို့လည်းး တခြားအသင်းတွေမှာ ကစားတာထက်ပိုတဲ့ ဖိအားတွေ၊ တောင်းဆိုမှုတွေကို ရင်ဆိုင်နေရ ပါတယ်”လို့ ဆိုးလ်ရှားက မှတ်ချက်ပြုခဲ့တာပါ။

Leave a Comment

Your email address will not be published.