မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်အဖြစ် ဝက်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပါတယ်…

မန်ယူအသင်းဟာ PSG ကို ရှုံးနိမ့်ပြီး ရလဒ်အပြောင်းအလဲအမြန်ဆုံးနဲ့ ခြေစွမ်းမတည်ငြိမ်ဆုံးအသင်းဖြစ်နေတယ်ဆိုတာကို လည်း အားကစားကျွမ်းကျင်ပညာရှင်များက အမျိုးအမျိုးသုံးသပ်နေကြပါတယ်….

မန်ယူအသင်းရဲ့ရလဒ်ဆိုးရွားမှုများထဲက နေရုန်းထွက်နိုင်ဖို့ ပြုပြင်ပြောင်းလဲရမယ့်အချက်တွေထဲက တခုဖြစ်တဲ့ အသင်းခေါင်းဆောင်တယောက်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုနဲ့ ခေါင်းဆောင်နိုင်မှု ကစားသမားနေရာကို ဆိုးရှားလ်က အပြောင်းအလဲလုပ်မယ်ဆိုတဲ့အကြောင်းကို Sport Tibble News ကိုပြောပြလာပါတယ်…..

ဆိုးရှားလ်က ” အသင်း ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပရိတ်သတ်ရွေးချယ်မှုတွေ ကိုလည်း အနည်းငယ်စဉ်းစားရပါမယ် နောက်ပြီးတော့ လက်ရှိ အသင်းရဲ့ရလဒ်ကောင်းကို စွမ်းဆောင်နိုင်မယ့် ကစားသမားကို ကျနော် လက်ပတ်ပေးဖို့ အချိန်ယူနေမှာမဟုတ်ပါဘူး…..

ပြီးခဲ့တဲ့ပွဲတွေထဲက ကျနော်သေချာသုံးသပ်ကြည့်နေပါတယ်…..ဘယ်သူ့ကိုပေးရမလဲဆိုတာကိုတော့ အခုချိန်မှာ ယတိပြတ်ထုတ်ပြောမသေးပါဘူး……လာမယ့်ပွဲစဉ်တခုဖြစ်တဲ့ ဝက်ဟမ်းပွဲနဲ့ရလဒ်ကိုကြည့်ပီးတော့ ဆုံးဖြတ်ချက်ချသွားပါမယ်…” ဆိုပြီးပြောသွားခဲ့ပါတယ်…

ဘရူနိုနဲ့ပတ်သက်ပီး အသင်းခေါင်းဆောင်အဖြစ်ရေးပန်းစားမှုအပေါ် ဘယ်လိုလဲဆိုတာကိုမေးခဲ့ရာမှာ ဆိုးရှားလ်က သူကတကယ်ကို စိတ်ဓာတ်ပြင်းတဲ့ ကစားသမားမှာ နိုင်လိုစိတ်ပြင်းတယ် အားစိုက်ထုတ်မှုအများကြီးရှိတယ် သူလည်း ခေါင်းဆောင်နဲ့ ထိုက်တန်တဲ့အရည်အသွေး ရှိတဲ့ လူတွေထဲမှာပါပါတယ်ဆိုပြီးထပ်လောင်းပြောသွားခဲ့ပါတယ်…..

Source From ST

Leave a Comment

Your email address will not be published.