မန်ယူအတွက် အကောင်းဆုံးခြေစွမ်း၊ ကြိုးစားမှုတွေနဲ့ ပေးဆပ်လျက်ရှိတဲ့ ပေါ်တူဂီကွင်းလယ်ကစားသ မားကို လက်ရှိပေးထားတဲ့လစာထက် နှစ်ဆတိုးမြှင့်ကာ တစ်ပတ်ပေါင်(၂၀၀,၀၀၀)နဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ အတွက် လာမယ့်နှစ်သစ်မှာ အသင်းဘုတ်အဖွဲ့က အကောင်အထည်ဖော်သွားတော့မှာ ဖြစ်ပါတယ်။

လော လောဆယ်မှာ ဆွေးနွေးရခြင်းမရှိသေးပေမယ့်လည်း ၂၀၂၁မှာ စတင်ပြောဆိုသွားမှာဖြစ်ကာ ယခုနှစ်ဘောလုံး ရာသီကုန်ဆုံးချိန်ကျရင် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ သဘောတူညီနိုင်ဖွယ်ရှိနေပါတယ်။စာချုပ်သစ်ထဲမှာ သူ့ရဲ့စာချုပ်သက်တမ်းကို အနည်းငယ်ကာလထပ်တိုးသွားဖို့ရှိနေသလို သူ့ရဲ့လစာ ကိုလည်း စတာလင်ပေါင်(၂၀၀,၀၀၀)ဝန်းကျင်အထိ ထိုးတက်သွားစေမှာ ဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

ဒီလိုလစာခုန်တက်သွားမယ့် အလားအလာရှိနေပေမယ့်လည်း မန်ယူမှာ လစာအမြင့်ဆုံးရနေတဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ တစ်ပတ်ပေါင်(၃၇၅,၀၀၀)နဲ့ ယှဉ်လိုက်ရင်တော့ အတော်လေးကွာဟနေဆဲပါပဲ။ ဒီ လိုဆိုပေမယ့်လည်း ဘရူနိုနန်ဒက်ဇ်ရဲ့လစာအသစ်နှုန်းထားဟာ ကာဗန်နီ၊ ရက်ရှ်ဖို့ဒ်တို့နဲ့ တန်းတူသွားမှာဖြစ် ကာ ပေါလ်ပေါ့ဂ်ဘာ၊ အန်တိုနီမာရှယ်တို့ရဲ့

လစာပမာဏကိုတော့ လိုက်မီဦးမှာ မဟုတ်ပါဘူး။လက်ရှိအချိန်မှာ ဘရူနိုဖာနန်ဒက်ဇ်ကို ဘယ်အသင်းကဖြင့် ခေါ်ချင်ပါတယ်ဆိုပြီး သတင်းထွက်နေတာ မျိုးမရှိသေးပေမယ့်လည်း စာချုပ်သစ်ချုပ်ဆိုလိုက်နိုင်မယ်ဆိုရင်တော့ စိတ်ချလက်ချအခြေအနေမျိုးကို ရောက် ရှိသွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဘရူနိုဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲကစားပြီးချိန်မှာ ခုနစ်ဂိုးသွင်းထားပြီး လေးဂိုး ဖန်တီးပေးထားကာ ချန်ပီယံလိဂ်မှာလည်း သုံးဂိုးသွင်းပေးထားတာ ဖြစ်ပါတယ်။

FBV News

Leave a Comment

Your email address will not be published.