မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်စ် အဝေးကွင်းပွဲစဉ်အဖြစ် ဝက်ဟမ်းအသင်း အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ကာ ၁-၃ ဂိုးဖြင့် ဂိုးပြတ်နိုင်ပွဲရယူကာ ခြေစွမ်းကောင်းတခု ကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်….

ဒီပွဲမှာတော့ မန်ယူတိုက်စစ်မှူး ရတ်ဖို့စ်က ဆိုးရှားကို သင်ခန်းစာတခု ကောင်းကောင်းကြီးပေးခဲ့ပါတယ်…လူထုတ်ပုံမှားယွင်းမှုများနဲ့ နည်းပြကြီးဆိုးရှားလ်ဟာ မကြာခနဆိုသလို ပရိတ်သတ်တွေ မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို တောက်လျောက်ခံနေရသူလည်းဖြစ်ပါတယ်…

ပထမပိုင်း မှာ မန်ယူရဲ့ တိုက်စစ်မှာ မာရှယ် ကာဗာနီ ဂရင်းဝုဒ် တို့ တွဲလုံးတွေ ကသိပ်အလုပ်မဖြစ်ပါဘူး…ကွင်းလယ်က ပေါ့ဘာ ဗန်ဒါဘတ်တို့ဟာလည်း ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပါတယ်……ဒုတိယပိုင်း ရတ်ဖို့စ်ဝင်လာပြီးတဲ့နောက်မှာ တောင်ပံတိုက်စစ် တောက်လျောက်မြန်မြန်ဆန်ဆန်ထိုးဖောက်လာနိုင်ခဲ့ပါတယ်….

အဲ့လက်တဲစ် ဟာ တောင်ပံတိုက်စစ်ကို အားသန်တဲ့ကစားသမားဆိုတာ သိကြမှာပါ…မာရှယ်ရဲ့ ခြေစွမ်းပျောက်ဆုံးမှုနဲ့အတူ အဲ့လက်စ်တဲဟာလည်း ပထမတပိုင်းလုံံး မှေးမှိန်နေခဲ့ပါတယ်..ဒုတိယပိုင်းမှာ ရတ်ဖို့စ်ဝင်လာပြီးတဲ့နောက် အဲလက်စ်တဲ ခြေစွမ်းဟာ ရတ်ဖို့စ် နဲ့အတူ တွဲလုံးတွေနဲ့ တဖက်သင်းကို ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်….

အဲ့ဒီနောက်မှာ ပွဲဟာလည်း ပထမပိုင်းထက် ပိုပြီးတော့ မန်ယူ တို့ အသားစီးရစေခဲ့ပါတယ်…တောင်ပံတိုက်စစ်နဲ့ ဘရူနို ပေါ့ဘာတို့ ကွင်းလယ်ကြောင့် ဝက်ဟမ်းနောက်တန်းဟာ ဗျာများနေခဲ့ရပြီး ဒုတိယတပိုင်းလုံး ဝက်ဟမ်းတို့ ခြိမ်းခြောက်ခံခဲ့ရပြီး နည်းပြကြီး ဆိုးရှားလ်အား တောင်ပံတိုက်စစ်ဟာ ဘယ်လောက်အရေးပါကြောင်းကို ရတ်ဖို့စ်ကနေ သင်ခန်းစာပေးလိုက်ပါတယ်…

RK

Leave a Comment

Your email address will not be published.