ဘစ်ဆာကာနေရာအစားထိုးရန်အက်သလက်တီကိုရဲ့ အင်္ဂလန်လက်ရွေးစင် ကီယန်ထရစ်ပီယာကို ဆိုးလ်ရှားပစ်မှတ်ထားနေ

လာမယ့်နွေရာသီဈေးကွက်အတွက် မန်ယူကို အင်အားဖြည့်တင်းဖို့ ကြိုတင်စီစဉ်လျက်ရှိရာမှာ လာလီ ဂါကလပ် အသလက်တီကိုက အင်္ဂလန်နောက်ခံလူ ကီယန်ထရစ်ပီယာကို ပရီးမီးယားလိဂ်ပြန်ခေါ်လာမယ့် အ စီအစဉ်က အလားအလာကောင်းနေပါပြီတဲ့။

The Telegraph ကနေ ရေးသားဖော်ပြမှုအရ (၃၀)နှစ်အရွယ် နောက်ခံလူကို အိုးလ်ထရက်ဖို့ဒ်မှာ သဘောကျသူတွေ အတော်ရှိနေသလို နည်းပြ အိုလေဂန်နာဆိုးလ်ရှားက လည်း အသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်ရနေသူ အာရွန်ဝမ်ဘီဆက်ကာကို တွန်းအားပေးနိုင်မယ့် ထရစ်ပီယာကို လို ချင်နေပါတယ်။

ထရစ်ပီယာဟာ လာလီဂါမှာ ဒုတိယမြောက်ဘောလုံးရာသီကစားနေတာဖြစ်ပြီး လက်ရှိစာချုပ်အရ လာ မယ့်နွေရာသီကျရင် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေမှာဖြစ်ကာ သူ့ကို ၂၀၁၉၊ ဇူလိုင်လမှာ တော့တင်ဟမ် ကနေ အသလက်တီကိုက ပေါင်သန်း(၂၀)နဲ့ ဝယ်ယူသွားခဲ့တာပါ။

ယခုနှစ်ရာသီမှာ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက ရီးရဲလ်ဆိုစိဒက်ထက် နှစ်ပွဲအသာစီးရှိနေတဲ့ အသလက်တီကိုအတွက် ထရစ်ပီယာ က (၁၅)ပွဲအထိ ကစားပေးထားပြီးပါပြီ။ ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်မှာလည်း နည်းပြဂါရတ်ဆောက် ဂိတ်ရဲ့ ဦးစားပေးမှုကို ရရှိထားတာကြောင့် ဝမ်ဘီဆက်ကာက ဒုတိယနေရာကို ရောက်နေခဲ့ရပါတယ်။

ဒီလိုစိတ်ဝင်စားမှုရှိနေတာမှန်ပေမယ့်လည်း ဆိုးလ်ရှားအနေနဲ့ ဝမ်ဘီဆက်ကာရဲ့စွမ်းဆောင်မှုကို သံသ ယစိုးစဉ်မျှဝင်နေခြင်းမရှိဘဲ ထရစ်ပီယာကို တိုက်စစ်ပိုင်းမှာ သုံးဖို့အတွက်သာ စဉ်းစားထားပုံရတယ်လို့ ရေးထား တာတွေ့ရပါတယ်။ ဝမ်ဘီဆက်ကာအနေနဲ့ ဆိုးလ်ရှားရဲ့မန်ယူမှာ ပွဲတိုင်းပွဲထွက်ခွင့်ပုံမှန်ရရှိထားပြီး ဒီနှစ်မှာ (၁၅)ပွဲကစားပေးပြီးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.