သရေခံကန်မယ့်ဆိုတဲ့စိတ်ရှိရင်မန်ယူအသင်းသားမဟုတ်တော့ဘူးဟုဆိုးရှားပြော

မန်ယူအသင်းရဲ့နည်းပြဆိုးရှားဟာမနက်ဖြန်ညမှာယှဉ်ပြိုင်မယ့်ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့လိုက်ဇစ်အသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာနောက်တဆင့်တတ်ရောက်ခွင့်ရမှာဖြစ်ပေမယ့်အနိုင်ကန်သွားမယ်လို့ပြောသွားခဲ့ပါတယ်။

ဆိုးရှားက မန်ယူအသင်းရဲ့ရာဇဝင်အရ သရေကန်မယ်ဆိုရင်အဲ့ဒိစိတ်ဓါတ်ဟာမန်ယူအသင်းသားမဖြစ်နိုင်တော့ဘူးလို့ဆိုသွားပါတယ်။

နည်းပြဆိုးရှားက”ဒီလိုရှုံးထွက်ပွဲတွေကတကယ်အရေးကြီးပါတယ်။ ဟောဒီနေရာမှာကျနော့်ကစားသမားတွေရှိတယ်။ ကျနော်တို့လိုက်ရှာနေတဲ့အရည်အချင်းတွေအားလုံး သူတို့ဆီမှာရှိတယ်။ ကျနော်တို့ရှာနေတာ ဒီလိုရှုံးထွက်ပွဲတွေပါပဲ။ ယူနိုက်တက်ဟာ ကိုယ့်အတွက်ကိုယ်ဘယ်တော့မှလွယ်အောင်လုပ်ခဲ့တယ်ဆိုတာမျိုးမရှိခဲ့ဘူး၊ အမြဲကန်ရခက်တယ်။ ဒီထုံးစံက ကျနော်စကစားခဲ့တဲ့အချိန်ကတည်းကရှိနေတယ်ဆိုပါတော့”

“သူတို့အသင်းကိုအိမ်ကွင်းမှာ(၅)ဂိုးပြတ်နဲ့နိုင်ခဲ့တယ်ဆိုတာကိုတော့ ခင်ဗျားမေ့ထားလို့မရဘူး။ ကျနော်တို့ဘက်ကအကောင်းဆုံးပြင်ဆင်ထားတယ်။ တစ်ဖက်အသင်းကိုလည်းခန့်မှန်းလို့မရတာကို ကျနော်တို့သိထားပါတယ်”

“ရင်ဆိုင်ကစားရတဲ့ပြိုင်ဘက်ကပိုကောင်းလာလေလေ ယုံကြည်ချက်တွေပိုရှိလာလေလေပါပဲ။ ကျနော်တို့ဘယ်တော့မှအရှုံးမပေးတတ်တာကိုသိရတာ သိပ်ကောင်းပါတယ်။ ယူနိုက်တက်က ဘယ်တော့မှအရှုံးမပေးတတ်ပါဘူးဆိုတဲ့အသိကို ပြိုင်ဘက်တွေခေါင်းထဲအထိရိုက်သွင်းနိုင်အောင်လို့ ကျနော်တို့ဘက်က အလုပ်ကိုကြိုးကြိုးစားစားလုပ်နေယုံလေးပါပဲ။

ကျနော်တို့ ပိုပိုပြီးကောင်းလာတယ်။ ပွဲကြိုပြင်ဆင်မှုတွေလည်းပိုကောင်းလာသလို အရင်ကထက်ပိုပြီးလည်းနိုးကြားလာကြပါတယ်”

“ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပွဲတစ်ပွဲကိုခင်ဗျားချဉ်းကပ်ရမယ်။ ခံစစ်မှာပဲထိုင်နေပြီး ဂိုးမရှိသရေကျဖို့ခင်ဗျားမျှော်လင့်နေလို့မရဘူး။ ဒီလိုသရေခံကန်တဲ့မျိုးစိတ်မျိုးက ကျနော်တို့ဒီအန်(န်)အေထဲမှာမရှိဘူး။ ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်လိုချင်တဲ့ပုံစံကိုကျနော်တို့ပြခဲ့တယ်။ အဲ့လိုပုံကိုနောက်တစ်ခေါက်ထပ်ပြဦးမယ်”

Leave a Comment

Your email address will not be published.