အိုဇေးကိုကိုင်တွယ်ပုံအမှားကြောင့်အာဆင်နယ်အသင်းမှာဖွမြီးလိုလှိုက်လောင်နေကြောင်း ဂယ်ရီနဗီးဝေဖန်

အာဆင်နယ်အသင်းရဲ့ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ဂျာမန်ကွင်းလယ်ကစားသမား မီစွတ်အိုဇေးကိုအသင်းရဲ့ လူစားရင်းကနေထုတ်ပါတယ်ထားတဲ့ ပြသနာဟာ အာဆင်နယ်အသင်းမာ ဖွဲမီးလိုလှိုက်လောင်နေကြောင်းSky Sport ရဲ့ဘောလုံးဝေဖန်ရေးမှာ ပါဝင်ခဲ့တဲ့ ဂယ်ရီနဗီးကပြောသွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာမြောက်လန်ဒန်ပြိုင်ဘက် စပါးအသင်းကို ၂-ဝဂီုးနဲ့ရှုံးနိမ်တဲ့ပွဲစဉ်ပထမပိုင်းအပြီးမှာ ဂယ်ရီနဗီးက အခုလိုပြောခဲ့တာပါ။အာဆင်နယ်အသင်းဟာရလာဒ်တွေဆက်တိုက်ဆိုးရွားနေပြီးအခုဆိုရင်တန်းဆင်းဇုံထိပ်နားလေးကအဆင့်၁၅မှာ ရပ်တည်နေပါပြီ။

အာဆင်နယ်အသင်းရဲ့နောက်ဆုံးပရီးမီးယာလိဂ်နိုင်ပွဟြာတလကြော်ကြာခဲ့ပါပြီအာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးလေးပွဲဆက်အနိုင်မရှိခဲ့ပါဘူးနောက်ဆုံး၇ပွဲမှာနိုင်ပွဲတစ်ပွဲသာရှိပါတယ်အဲ့ဒိတစ်ပွဲကတော့ အဝေးကွင်းမှာ မန်ယူအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်ပြီးအဆိုပါ၇ပွဲမှာ ရမှတ်၄မှတ်သာရရှိခဲ့တဲ့အထိခြေစွမ်းဆိုးရွားခဲ့ပါတယ်။

ဂယ်ရီနဗီးက အိုဇေးကို ဘာလို့အသင်းရဲ့လူစားမှာမထည့်သွင်းထားလည်း နားမလည်ပါဘူး အခုလိုအရေးကြီးချိန်တွေမှာ အိုဇေးရဲ့ ဖန်တီးမှုနဲ့အတွေးအမြင်မျိုူးတွေလိုအပ်ပါတယ်။အိုဇေးကအိုဇေးပါလက်ရှိအာဆင်နယ်ကွင်းလယ်မှာ အိုဇေးလိုဖန်တီးမှုမျိုးနဲ့ကစားသမားမျိုးမတွေ့မြင်မိပါဘူး။

အိုဇေးကိုအသင်းကနေထုတ်ပါယ်မှုဟာ အာဆင်နယ်အသင်းအတွင်းမှာ ဖွဲမီးလိုလှိုက်လောင်နေတဲ့ပြသနာတွေရှိနေတယ်။အခုဒီပြသနာတွေဟာ အသင်းရဲ့ရလာဒ်ပိုင်းကို ထိခိုက်လာနေပါပြီ။အာဆင်ယ်ဟာ လမ်းကြောင်းမှန်ပေါ်ပြန်တတ်လာဖို့လိုနေပါပြီလို့ဝေဖန်သွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.