မန်ယူမှာမနေချင်တဲ့ပေါ့ဘာကိုဇန်နဝါရီမှာသာမရောင်းချရင် မန်ယူအသင်းတပြားမှပြန်ရရန်မရှိဟုအေးဂျင့်ရိုင်းအိုလာခြိမ်းခြောက်

ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ မန်ယူကနေ ထွက်ခွာချင်နေပြီလို့ သူ့ရဲ့ပွဲစားဖြစ် သူ မင်နိုရိုင်အိုလာက အင်တာဗျူးတစ်ခုအတွင်း ဖြေကြားခဲ့ပြီးတဲ့နောက် ကာယကံရှင်ကစားသမားက သူ့ရဲ့ Instagram ပေါ်ကို မန်ယူအသင်းဖော်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်တွေတင်လာ ခဲ့တဲ့အတွက် ကစားသမားနဲ့ ပွဲစားအကြား သဘောထားကွဲလွဲမှုတွေ ရှိနေကြပြီဆိုတာကို သိလိုက်ရပါတယ်။

မန်ယူအတွက် ဂျာမန်မြေကို အလည်သွားပြီး အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ ရှိနေချိန်မျိုးမှာ ပွဲစားရိုင်အို လာဘက်က အခုလိုပြောလိုက်တာဟာ တော်တော်လေးကို ဂယက်ထစေခဲ့တာ အမှန်ပါပဲ။

(၂၇)နှစ်အရွယ်ကစားသမားက ပွဲစားရဲ့စကားတွေကို ဆန့်ကျင်ပြောဆိုတာမျိုးမလုပ်ခဲ့ဘဲ သူဟာ မန ယူဟာ ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်ဆိုတာကို အားလုံးသိအောင်လို့ ပုံတွေနဲ့ပဲ သက်သေပြခဲ့တဲ့သဘောမျိုးလုပ်ခဲ့ တာဖြစ်ဖွယ်ရှိပါတယ်။

ပွဲစားရိုင်အိုလာက အီတလီသတင်းစာ Tuttosport နဲ့ အင်တာဗျူးအတွင်းမှာ “ကျနော် ပြောနိုင်တာကတော့ ပေါလ်ပေါ့ဂ်ဘာနဲ့ မန်ယူနိုက်တက်ပြီးဆုံးသွားပါပြီ။ မန်ယူမှာ ပေါလ်မပျော်တော့ဘူး။ သူ ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ ကစားသွားဖို့ မဖြစ်နိုင်တော့ဘူး။ သူမျှော်လင့်သလို ဖြစ်မလာဘူး။ ပေါလ်အသင်းသစ်လို နေပြီ။ အပြောင်းအလဲပေါ့။ နောက်ထပ်(၁၈)လ စာချုပ်ရှိနေသေးတယ်။ ၂၀၂၂၊ နွေရာသီမှာ စာချုပ်ကုန်ဆုံးပါ လိမ့်မယ်”

“ဒါပေမယ့်လည်း ပေါလ်နဲ့ မန်ယူအတွက် အကောင်းဆုံးထွက်ပေါက်ကတော့ လာမယ့်ဇန်နဝါရီဈေး ကွက်မှာ သူအသင်းပြောင်းဖို့ပါပဲ။ မဟုတ်ရင်တော့ အိုးလ်ထရက်ဖို့ဒ်ကလပ်အနေနဲ့ သူ့ကိုအလွတ်ပြောင်းရွှေ့ ကြေးနဲ့ လွတ်ရမယ့် အနေအထားရင်ဆိုင်ရလိမ့်မယ်။ သူက စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိလို့ပါ။

မန်ယူ ဘုတ်အဖွဲ့က ကစားသမားတစ်ယောက် စာချုပ်တိုးချင်စိတ်မရှိတော့ရင် အလွတ်ပြောင်းခွင့်ပေးရမယ့် ဘေးကို သိကြပါတယ်။ အဲဒါကို တစ်စုံတစ်ယောက်က နားမလည်ဘူးဆိုရင် အဲဒါက သူတို့ဘောလုံးလောကကို နားမ လည်လို့ပဲဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တကယ်လို့ ပေါလ်အသင်းပြောင်းသွားလို့ရှိရင် အဲဒါ သူတို့ကိုသာအပြစ် တင်ကြပေတော့ပဲ”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

Leave a Comment

Your email address will not be published.